Main menu

မြန်အောင်မြို့နယ် “ကြံခင်း မုန့်တိုက်” သို့ SMEs ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်း

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၂၂) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် မြန်အောင်မြို့၊ အမှတ်(၃)ရပ်ကွက်၊ ပရိက္ခရာလမ်းရှိ“ကြံခင်းမုန့်တိုက်” သို့ SMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် “ ကြံခင်းမုန့်တိုက်”မှထုတ်လုပ်သော မုန့်မျိုးစုံတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှုရှိ/ မရှိ၊ သက်ဆိုင်ရာ ဌာနများ၏ထောက်ခံချက်များရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးတို့ကို အလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်းများကို စနစ်တကျသိုလှောင်ထားရှိစေရေး၊ ထုတ်လုပ်သောကုန်စည်များ အရည်အသွေးပြည့်မီစေရေး၊ ဈေးနှုန်းဈေးကွက်အခြေအနေများနှင့် ထုပ်ပိုးမှုစနစ်များလုံခြုံစိတ်ချရမှုရှိစေရေး၊ လုပ်သားအင်အား၊ ဖြန့်ဖြူးမှုအခြေအနေများကိုဆွေးနွေးခဲ့ပြီး၊ လုပ်ငန်းရှင်ဘက်မှလည်း စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစွာစားသုံးနိုင်ရေး ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)