Main menu

တောင်ငူမြို့တွင် ဆောက်လုပ်ရေးလုပ်ငန်းသုံးသံချောင်းများ ဈေးနှုန်းကျဆင်း

Powered by Drupal

                 တောင်ငူမြို့နယ်အတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း အရောင်းဆိုင်များတွင် ဆောက်လုပ်ရေးလုပ်ငန်းဆောင်ရွက်ရာ၌ မရှိမဖြစ်လိုအပ်သော ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်းများ   ရောင်းချလျက်ရှိပါသည်။

              ယခင်စက်တင်ဘာလ နောက်ဆုံးပတ်တွင် ဆောက်လုပ်ရေးလုပ်ငန်းသုံးသံချောင်းများမှာ (၆)မူးလုံးဆိုဒ်သံချောင်း တစ်တန်လျှင် (၃၇၀၀၀၀၀)ကျပ်၊ (၅) မူးလုံးဆိုဒ်သံချောင်း တစ်တန်လျှင် (၃၈၀၀၀၀၀)ကျပ်၊ (၃)မူးလုံးသံချောင်း တစ်တန်လျှင် (၃၉၀၀၀၀၀)ကျပ်ရှိခဲ့ရာမှ ယခုလတွင် (၆) မူးလုံးဆိုဒ်သံချောင်း တစ်တန်လျှင် (၂၇၀၀၀၀၀) ကျပ်၊ (5)မူးလုံးဆိုဒ်သံချောင်း တစ်တန်လျှင်  (၂၈၀၀၀၀၀)ကျပ်၊ (၃)မူးလုံးသံချောင်းတစ်တန်လျှင် (၂၉၀၀၀၀၀)ကျပ် အထိရှိခဲ့ပြီး ယခုအောက်တိုဘာလ တတိယပတ်တွင် ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်းအရွယ်အစားအလိုက် (၁၀၀၀၀၀၀)ကျပ်ခန့် ဈေးနှုန်းကျဆင်းလာပါသည်။

               ယခုအခါ မိုးရာသီဖြစ်သည့်အတွက် ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်မှု နည်းပါးခြင်းကြောင့်လည်းကောင်း၊ ဒေါ်လာဈေးကျဆင်းမှုကြောင့်လည်းကောင်း ဆောက်လုပ်ရေးလုပ်ငန်းသုံးသံချောင်းများ ဈေးနှုန်းကျဆင်းလာရခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းအရောင်းဆိုင်များမှသိရှိရပါသည်။

DOCA(ပဲခူး)