တောင်ငူမြို့တွင် အာလူးမှာ ယခင်လက တစ်ပိဿာလျှင် အသေး ၃၀၀၀ ကျပ်၊ အလတ် ၃၅၀၀ ကျပ်နှင့် အကြီး ၄၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် အသေး ၅၀၀၀ ကျပ်၊ အလတ် ၆၀၀၀ ကျပ်နှင့် အကြီး ၇၀၀၀ ကျပ်ရှိသဖြင့် တစ်ပိဿာလျှင် ၂၀၀၀ ကျပ် ဈေးတက်ပါသည်။
မြေပဲဆံ(အဖြူ/အနီ)မှာ ယခင်လက တစ်ပိဿာလျှင် ၁၁၀၀၀ ကျပ်ရှိရာမှ ယခုအပတ် တွင် တစ်ပိဿာလျှင် ၈၀၀၀ ကျပ်မှ ၈၅၀၀ ကျပ်ရှိသဖြင့် တစ်ပိဿာလျှင် ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိ ဈေးနှုန်းကျဆင်းပါသည်။
ကုလားပဲခြမ်းမှာ တစ်ပိဿာလျှင် ၇၀၀၀ ကျပ်မှ ၇၅၀၀ ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်း တောင်ငူမြို့ရှိ ကုန်စုံဆိုင်များမှ သိရှိရပါသည်။
DOCA(ပဲခူး)