Main menu

ညောင်တုန်းမြို့နယ် ဆောင်သီးနှံစိုက်ပျိုးတောင်သူများကို နေကြာသီးနှံစီမံကိန်း ဧကပြည့်မီကျော်လွန်စိုက်ပျိုးနိုင်ရေး တွေ့ဆုံရှင်းလင်းဆွေးနွေး

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာန၊  ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တို့သည် (၂၃-၁၀-၂၀၂၄) ရက်နေ့၊ နေ့လယ်(၁၃း၀၀)နာရီအချိန်တွင်  စက္ကော့တောင်အုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်းသီးနှံစိုက်ပျိုးသူ တောင်သူ(၃၀) ဦးနှင့်တွေ့ဆုံ၍ ဆောင်းသီးနှံဖြစ်သော နေကြာသီးနှံ စီမံကိန်းဧကပြည့်မီကျော်လွန်အောင် စိုက်ပျိုးနိုင်ရေးအတွက် တောင်သူအသိပညာပေးရှင်းလင်းဆွေးနွေးပွဲပြုလုပ်ခဲ့ကြသည်။

            အဆိုပါရှင်းလင်းပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မိုးနှောင်းနေကြာသီးနှံများစိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက တောင်သူများနှင့်ပူးပေါင်းပြီး နည်းပညာများ စနစ်တကျကူညီပေးလျက်ရှိပြီး အထွက်နှုန်းသေချာစေရန်အတွက် အပင်ကြား/ တန်းကြား (၁၅)လက်မခန့်အကွာ စိုက်ပျိုးစေခြင်းများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ တောင်သူများက နည်းစနစ်မှန်ကန်စွာလိုက်နာစိုက်ပျိုးကြရန်ကိုဆွေးနွေးခြင်း၊ သမဝါယမဦးစီးဌာနက သမဝါယမအသင်းဝင်လယ်သမားများကို မြို့နယ်သမဝါယမမှ ဓာတ်မြေဩဇာအမျိုးမျိုးရရှိမည့် ကုမ္ပဏီများနှင့်ဆက်သွယ်ပေးကြောင်း၊ လယ်သမားများကိုယ်တိုင် စပါးစိုက်ပျိုးရေးတွင်သာမက ဆောင်းသီးနှံ အသုံးဝင်သော ဓာတ်မြေဩဇာကို စိတ်ကြိုက်ရွေးချယ်မှာယူနိုင်ပြီး ဈေးနှုန်းကိုလည်း ဈေးကွက်ထဲမှ ဈေးနှုန်းထက်မပိုသောနှုန်းထားဖြင့် ညှိနှိုင်းဆောင်ရွက်နိုင်ပြီး လယ်ယာ၊ ကိုင်းသီးနှံလုပ်ငန်းရှိရာ ရွာကို အရောက်ပို့စနစ်ဖြင့်  ဖြန့်ခြင်းဖြစ်ကြောင်း၊ ဆောင်းဆီထွက်သီးနှံ နေကြာအထွက်နှုန်းတိုးတက်စေရေး နေကြာစိုက်ရာတွင် မျိုးကောင်းမျိုးသန့်ဖြစ်သည့် ရေဆင်းစပ်မျိုး-၁ နေကြာကို ရွေးချယ်စိုက်ပျိုးသင့်ကြောင်း၊ နေကြာစိုက်ပျိုးခြင်းဖြင့် ဒေသနေပြည်သူများအတွက် စားသုံးဆီဖူလုံရေးနှင့် တစ်ဖက်တစ်လမ်းမှလည်း ဝင်ငွေများရရှိနိုင်ကြောင်း၊ နေကြာတစ်မျိုးတည်းကို သီးသန့်မစိုက်ပျိုးပဲ သီးညှပ်စိုက်ပျိုးထားနိုင်မှု၊ နေကြာစိုက်ပျိုးမှုအတွက် စိုက်ပျိုးထုတ်လုပ်ပုံအဆင့်ဆင့်နှင့် သဘာဝမြေဩဇာပြုလုပ်သုံးစွဲခြင်းဖြင့် ကုန်ကျစရိတ်သက်သာမှု အခြေအနေများတို့ကို လည်းရှင်းလင်းပြောကြားခဲ့သည်။

         ၎င်းနောက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးအာင်လွင်၊ မြို့နယ်ဦးစီးမှူးက ဆောင်းသီးနှံ နေကြာစိုက်ပျိုးမည့်တောင်သူများကို အသိပညာပေးရှင်းလင်းရာ နေကြာသီးနှံကို အဓိကစိုက်ပျိုးမည့်ဒေသများ၊ သီးထပ်သီးညှပ်စိုက်ပျိုးမည့်ဒေသများကို ဧရိယာအလိုက် လိုအပ်ချက်များဖြည့်ဆည်းပေးရန်လိုအပ်ကြောင်း၊ နေကြာစိုက်ပျိုးသော်လည်း မျိုးစေ့ထုတ်လုပ်ငန်းအောင်မြင်အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နေကြာအထွက်ကောင်းပါက မြို့နယ်စားသုံးဆီဖူလုံနိုင်ပြီး မျိုးစေ့ထုတ်လုပ်ငန်းနှင့် ဆီစက်ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံမှုတိုးမြှင့်ဆောင်ရွက်လိုသူများကို ဖိတ်ခေါ်အားပေးဆောင်ရွက်ရန် လိုအပ်ချက်များကိုဆွေးနွေးခြင်း၊ နေကြာဆီစားသုံးခြင်းဖြင့် စျေးနှုန်းသက်သာခြင်း၊ ကျန်းမာရေးအတွက် အထောက်အကူပြုခြင်းတို့ကြောင့် ဆီထွက်နေကြာစိုက်ပျိုးရန် ရာသီဥတုနှင့်ကိုက်ညီသည့် မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ဧကများ တိုးချဲ့စိုက်ပျိုးသင့်ကြောင်း၊ နေကြာစိုက်ပျိုးရာတွင် လိုအပ်သော သွင်းအားစုဖြစ်သည့် ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာအသုံးပြုမှုကိုလည်း ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြပါဝင်ချက်အတိုင်း အသုံးပြုဆောင်ရွက်မှသာ အထွက်နှုန်းကောင်းမည်ဖြစ်၍ သွင်းအားစုတိုင်းတွင် ကုန်အညွှန်းအမှတ်အသား မြန်မာဘာသာဖြင့် ဖော်ပြပါဝင်သောသွင်းအားစုကိုသာ အသုံးပြုသင့်ကြောင်း၊ သက်ဆိုင်ရာဌာနတို့၏ ခွင့်ပြုချက် တရားဝင်မှတ်ပုံတင်သော ကုန်စည်ကိုသာဦးစားပေးလိုက်နာသုံးစွဲပါက အောင်မြင်သောစိုက်ပျိုးသီးနှံဖြစ်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ တောင်သူများကလည်း သိရှိလို သည်များမေမြန်းကြ၍ ဌာနအသီးသီးက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်းသိရပါသည်။

DOCA(ဧရာဝတီ)