အုန်းပင်သည် အမျိုးအစားအနေဖြင့် ဒေသအလိုက် အမျိုးမျိုးရှိသော်လည်း အခြေခံအားဖြင့် သုံးမျိုးသာရှိကြောင်း သိရှိရပါသည်။ ယင်းတို့မှာ ပင်မြင့်မျိုး၊ ပင်ပုမျိုးနှင့်စပ်မျိူးတို့ဖြစ်ကြသည်။ အပင်ပေါ်ရှိ အုန်းသီးကခြောက်သွေ့သောရာသီတွင် ရင့်မှည့်မှုမြန်ဆန်ပြီး၊ စိုစွတ်သောမိုးရာသီတွင် ရင့်မှည့်မှုကြာတက်ပါသည်။ အုန်းသီးသည်ယေဘုယျအားဖြင့် ခြောက်နှစ်ခုနစ်နှစ်ခန့်တွင် အသီးစ၍ အခိုင်လိုက်သီးပြီး အုန်းသီးတစ်ခိုင်တွင် အသီးပေါင်း (၁၀) လုံးမှ(၂၀)လုံးခန့်အထိသီးနိုင်သည်။ များသောအားဖြင့် တစ်နှစ်ပတ်လုံးအသီးမပြတ်ရှိနေတက်ပြီး ရာသီဥတုဒဏ်ကိုခံနိုင်ရည်ရှိ၍ အခြားအပင်များကဲ့သို့အစဉ်တစိုက်ပြုစုစိုက်ပျိုးနေရသော အပင်မျိုးမဟုတ်ချေ။
အုန်းသီးသည် လူတွေအတွက်အလွန်အကျိုး၍ သွေးတွင်းသကြားဓာတ်အား ထိန်းသိမ်းပေးခြင်း၊ ရေဓာတ်ထိန်းသိမ်းပေးခြင်းတို့ကိုလည်း အလွန်းအကျိုးပြုပြီး အုန်းရည်ကို အချို့က သူ့ချည်း သက်သက်အရသာခံသောက်၍လည်ကောင်း၊ သကြားနှင့်ဖျော်၍လည်းကောင်း ၊ သဘာဝသစ်သီးအနေဖြင့်လည်း သောက်သုံးကြပါသည်။ ယခုအခါ အုန်းသီးနု အကြီးတစ်လုံးလျှင် (၂၅၀၀မှ၃၀၀၀) ကျပ်ခန့်ရှိပြီး၊ အသေးတစ်လုံးလျှင်(၂၀၀၀)ကျပ်ခန့် ဖြစ်ပေါ်လျက်ရှိပါသည်။
DOCA(တနင်္သာရီ)