မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ ကုန်စိမ်းသီးနှံဈေးကွက်တွင် ကုန်စိမ်းသီးနှံ ခရမ်းချဉ်သီးများ ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပခုက္ကူမြို့မစည်ပင်သာယာဈေးနှင့် အမှတ်(၂)ဈေးတို့တွင် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်း၊ ပုပ္ပါးနှင့် ရှမ်းပြည်နယ် အင်းလေဒေသမှထွက်ရှိသော ခရမ်းချဉ်သီးများဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
ဈေးနှုန်းအနေဖြင့် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(တတိယပတ်)တွင် ပုပ္ပါးဒေသထွက် ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ်(၄၀၀၀-၄၅၀၀)ဖြစ်ပြီး ယခု(စတုတ္တပတ်)တွင် ခရမ်းချဉ်သီး အလုံးအကြီးအသေးနှင့် အရည်အသွေးလိုက်၍ တစ်ပိဿာလျှင် ကျပ်(၅၀၀၀-၆၅၀၀-၈၀၀၀)ဖြစ်၍ (တတိယပတ်)နှင့်(စတုတ္တပတ်)ဈေးနှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ကျပ်(၃၀၀၀)ခန့် ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ မိုးရွာသွန်းမှုများ၍ စိုက်ခင်းများပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခြင်းတို့ကြောင့် ဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ကြောင်း ကုန်စိမ်းရောင်းဝယ်ရေးဈေးသည်များထံမှ သိရှိရပါသည်။
DOCA(မကွေး)