Main menu

ပြည်ကုန်စည်ဒိုင်၏ အောက်တိုဘာလတတိယပတ်ပဲမျိုးစုံဈေးနှုန်း

Powered by Drupal

                 ပြည်ကုန်စည်ဒိုင်သည် သွားလာရေးအချက်အခြာကျသော ပြည်မြို့တွင်ရှိသောကြောင့် ပဲမျိုးစုံအရောင်းအဝယ် သွက်လျက်ရှိပါသည်။

           အောက်တိုဘာလတတိယပတ်တွင် မတ်ပဲတစ်တင်းကို (၁၂၃၅၀၀)ကျပ်ဖြင့် ရန်ကုန်အဝယ် တစ်ရက်ကိုအိတ် (၁၅၀)ခန့်ရှိပါသည်။ ပဲစင်းငုံဈေးမှာအေးလျက်ရှိပြီး တစ်တင်းကို (၁၅၂၀၀၀)ကျပ် ဖြင့် အရောင်းအဝယ်ရှိပြီး ရန်ကုန်သို့တစ်ရက်ကိုအိတ် (၁၅၀)ခန့်တင်ပို့မှုရှိပါသည်။ ပြည်ကုန်စည်ဒိုင်၏ အောက်တိုဘာလတတိယပတ်တွင် ကုလားပဲ(HL)တစ်တင်းကို (၁၀၂၅၀၀-၁၀၃၀၀၀)ကျပ်၊ မြကြေးမှုံတစ်တင်းကို (၁၂၂၀၀၀)ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားများ တစ်ရက်ကို အိတ်(၂၅၀)ခန့် အဝယ်ရှိပါသည်။ ပဲကြီး(ရွှေကျွန်း)တစ်တင်းကို (၉၂၀၀၀)ကျပ်၊ ပဲကြီး(ကုန်းပဲ) တစ်တင်းကို (၈၇၀၀၀)ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားနှင့် ရန်ကုန်အဝယ်တစ်ရက်ကိုအိတ် (၂၅၀-၃၀၀)ခန့် အဝယ်ရှိပါသည်။

         အောက်တိုဘာလတတိယပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို (၁၀၀၀၀၀)ကျပ်ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ်တစ်ရက်ကိုအိတ် ၁၀၀-၁၅၀ခန့် အဝယ်ရှိပါသည်။ အောက်တိုဘာလတတိယပတ် ပြည်ကုန်စည်ဒိုင်တွင် စားတော်ပဲတစ်တင်းကို (၁၃၀၀၀၀)ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကို အိတ် (၅၅)အိတ်ခန့်အဝယ်ရှိပါသည်။ ထို့ကြောင့် ပြည်ကုန်စည်ဒိုင်တွင် အရောင်းအဝယ်သွက်လျက်ရှိသောပဲများမှာ ကုလားပဲ၊ မတ်ပဲ သီးနှံများဖြစ်ပါသည်။

DOCA(ပဲခူး)