Main menu

ကြို့ပင်ကောက်မြို့တွင် ရောင်းချလျက်ရှိသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

Powered by Drupal

            ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၌ အောက်တိုဘာလတတိယပတ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းတစ်ပြည်လျှင် ၇၅၀၀ ကျပ် (၂၄) ပြည်ပါ တစ် အိတ်လျှင် ၁၈၀၀၀၀ ကျပ် ထိုင်းနှံကောက်ဆန်တစ်ပြည်လျှင် ၃၂၀၀ ကျပ် (၂၄) ပြည်ပါတစ်အိတ်လျှင် ၇၇၀၀၀ ကျပ် အ‌ရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

            စားသုံးဆီအနေဖြင့် မြေပဲဆီတစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်၊ ငါးရုတ်သီးခြောက် (အရှည်) တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်၊ ကြက်သွန်နီ(အကြီး)  တစ်ပိဿာ လျှင် ၃၀၀၀ကျပ်၊ ကြက်သွန်ဖြူကြူကုတ် တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်၊ ကြက်သွန်ဖြူ (ရှမ်းစ)တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ ငရုတ်သီး(အပွ) တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ ဂျင်း တစ်ပိဿာလျှင် ၈၀၀၀ ကျပ်ခန့်ရှိပါသည်။

              အသားဈေးနှုန်းအနေဖြင့်ကြက်သား (မြန်မာ) တစ်ပိဿာလျှင် ၃၅၀၀၀ ကျပ်၊ (စီပီ) ကြက် တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်၊ အမဲသား တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်၊ ဆိတ်သား တစ်ပိဿာလျှင် ၃၀၀၀၀ ကျပ်၊ ငါးခူ၊ ငါးကျီးတစ်ပိဿာ လျှင် ၂၀၀၀၀ ကျပ်၊ ကြက်ဥ၊ ဘဲဥအနေဖြင့် ကြက်ဥ (အသေး) တစ်လုံးလျှင် ၃၀၀ ကျပ်၊ (အကြီး) တစ်လုံးလျှင် ၃၅၀ ကျပ်၊ ဘဲဥ(အသေး) တစ်လုံးလျှင် ၄၅၀ ကျပ်၊ (အကြီး) တစ်လုံးလျှင် ၅၀၀ ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)