Main menu

တောင်ငူမြို့ မူလွန်ကန်တော်၌ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲများကို ကျင်းပဆောင်ရွက်လျက်ရှိရာ တောင်ငူခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် အောက်တိုဘာလ(၂၄) ရက်နေ့ မွန်းလွဲပိုင်းက တောင်ငူမြို့ရှိ ကန်တော်အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာ ပေးဟောပြောခဲ့ပါသည်။

          ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်တာဝန်ခံ ဦးမြင့်သူက စားသုံးသူကာကွယ်ရေးဌာနပေါ်ပေါက်လာပုံနှင့် စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ရွက်ချက်များကို မိတ်ဆက်ပြောကြားပါသည်။

             ဆက်လက်၍ အကြီးတန်းစာရေး ဒေါ်သင်းသင်းအေးက စားသုံးသူအခွင့်အရေးနှင့် တာဝန်များကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်သဲစုလွင်က စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားနိုင်ခြင်းများနှင့် ဖြေရှင်းဆောင်ရွက်ချက်များကိုလည်းကောင်း ရှင်းလင်းဟောပြောခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသား/ ကျောင်းသူ (၁၅၃) ဦးတက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)