Main menu

ပေါင်းတည်မြို့နယ် မှတ်တိုင်ကျေးရွာရှိ “ပွင့်ဝေဖြိုး”ဆန်စက်အား ကွင်းဆင်းစိစစ်

Powered by Drupal

         နတ်တလင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ နတ်တလင်းခရိုင်တာဝန်ခံနှင့် ပေါင်းတည်မြို့နယ် တာဝန်ခံတို့သည် (၂၁.၁၀၂၀၂၄)ရက်နေ့ နံနက် (၁၀;၀၀)နာရီအချိန်တွင် ပေါင်းတည်မြို့နယ် မှတ်တိုင်ကျေးရွာ ပွင့်ဝေဖြိုး ဆန်စက်လုပ်ငန်းရှင် ဦးမင်းနိုင်စိုးနှင့် တွေ့ဆုံ၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဆန်စက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပါသည်။

          ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင်  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထုတ်ပြန်ထားသော  ရည်ညွှန်းဆန်၊ စပါးဈေးနှုန်းများအတိုင်း ဝယ်ယူရောင်းချနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်မှုရှိစေရေး၊ ဆန်/ စပါးများ သိုလှောင်ထားရှိမှု၊ ကြိတ်ခွဲထုတ်လုပ်မှု၊ ဆန်လက်ကျန်အခြေအနေနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)