Main menu

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် တောင်ငူမြို့၌ MSMEs ဒေသထွက်ကုန်အရောင်းပြခန်း ဖွင့်လှစ်မည့်နေရာနှင့် ကေတုမတီမြို့ရှိ စက္ကူပျော့ဖတ်စက်ရုံများသို့ ကြည့်ရှုစစ်ဆေး

Powered by Drupal

           ပဲခူးတိုင်းဒေသကြီးအစိုးရဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် အောက်တိုဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် တောင်ငူမြို့ အမှတ်(၁၆)ရပ်ကွက်၊ (၁)လမ်းရှိ ပဲခူးတိုင်းဒေသကြီး MSMEs ဒေသထွက်ကုန် အရောင်းစင်တာဖွင့်လှစ်မည့်နေရာသို့ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

            ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တောင်ငူမြို့နယ်၊ ကေတုမတီမြို့ သဝဏ်ငယ်ရပ်ကွက်ရှိ ဦးဉာဏ်ဝင်း၏ တစ်ရက် (၁၀)တန်ကျ စက္ကူပျော့ဖတ်စက်ရုံသို့ ရောက်ရှိစစ်ဆေးပြီး ကောက်ရိုး၊ ကြံကြိတ်ဖတ်နှင့် ဝါးများမှ ပျော့ဖတ်များထုတ်လုပ်ပြီး ပြည်ပသွင်းကုန် အစားထိုးစက္ကူထုတ်လုပ်နိုင်ရေး အကြံပြုအားပေးစကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)