Main menu

ရေတာရှည်မြို့နယ်တွင် စာပေဝါသနာရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် အောက်တိုဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်သည့်စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် စာပေဝါသနာရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဆွေးနွေးခဲ့ပါသည်။

             မြို့နယ်တာဝန်ခံသည် ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် စားသုံးသူများထိခိုက်နစ်နာမှုမရှိစေရန် သိကောင်းစရာများ၊ စားသုံးသူနစ်နာဆုံးရှုံးမှု မဖြစ်စေရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ရွက်ချက်များ၊ အွန်လိုင်းတွင်ဈေးဝယ်ယူခြင်းနှင့် ပတ်သက်၍ သိသင့်သိထိုက်သည်များကို အသိပညာပေးပြီး တက်ရောက်လာသည့် စာပေဝါသနာရှင်များနှင့် ဆွေးနွေးပါသည်။

            စာဖတ်ဝိုင်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကြူကြူခိုင်နှင့် စာပေဝါသနာရှင်(၈)ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)