တောင်ငူမြို့တွင် စက်တင်ဘာလလယ်ပိုင်းက ရေကြီးနစ်မြှုပ်မှုဖြစ်ပွားခဲ့သဖြင့် ဒေသတွင်း ဟင်းသီးဟင်းရွက်စိုက်ခင်းများပျက်စီးခဲ့ရပြီး လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှုကြောင့် ဟင်းသီးဟင်းရွက်များ ဈေးနှုန်းကြီးမြင့်မှုဖြစ်ပေါ်ခဲ့ပါသည်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးဒေသမှ ဝင်ရောက်လာသော ခရမ်းချဉ်သီးများမှာ အလုံးအသေး အကြီးပေါ် မူတည်၍ ယခင်စက်တင်ဘာလ နောက်ဆုံးအပတ်က တစ်ပိဿာလျှင် ၃၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်အထိ ရှိခဲ့ရာမှ ယခုအောက်တိုဘာလ တတိယအပတ်တွင်တစ်ပိဿာလျှင် ၅၀၀၀ ကျပ်မှ ၈၀၀၀ ကျပ်အထိဖြင့် ဈေးနှုန်းတက်ခဲ့ပါသည်။
ဒေသတွင်း ခရမ်းချဉ်သီးများမှာ စစ်တောင်းမြစ်ဝှမ်း ရေကြီးရေလျှံမှုကြောင့် စိုက်ခင်းများပျက်စီးခဲ့ရသဖြင့် တောင်ငူမြို့ရှိဈေးများ၌ ဒေသခရမ်းချဉ်သီးများ ပြတ်လပ်လျက်ရှိကြောင်းနှင့် တောင်ကြီးသီးများမှာ ဈေးမြင့်သော်လည်း အရောင်းအဝယ်မှာ ပုံမှန်အတိုင်းရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)