
အောက်တိုဘာလ ၂၃ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၌ ပုဂ္ဂလိကစက်မှုလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၁၀/၂၀၂၄) ကိုကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး၊ စာသုံးသူရေးရာဦးစီးဌာနမှ တက်ရောက်ခဲ့ပါသည်၊၊
အဆိုပါအစည်းအဝေးတွင် ဥက္ကဋ္ဌက အမှာစကားပြောကြားခြင်း၊ ပုဂ္ဂလိကစက်မှုမှတ်ပုံတင်ရန် လျှောက်ထားလာသည့် ကွင်းဆင်းစစ်ဆေးပြီးသော လုပ်ငန်းတို့အား မှတ်ပုံတင်ခွင့်ပြုရန်အတွက် ဆွေးနွေးခြင်း၊ သက်တမ်းတိုးစေ့ရောက်သော်လည်း သက်တမ်းတိုးမြှင့်ခြင်းမရှိသည့် ပုဂ္ဂလိကစက်မှုလုပ်ငန်းတို့အား စက်မှုမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်နိုင်ရေး ဆွေးနွေးခဲ့ပြီး တက်ရောက်လာသောလုပ်ငန်းရှင်များကလည်း လက်ရှိအသုံးပြုနေသော အင်ဂျင်များကိုတိုးချဲ့တပ်ဆင်နိုင်ရေးနှင့် လုပ်ငန်းအမည်ပေါက် ပြောင်းလဲနိုင်ရေးဆွေးနွေးခဲ့ပြီး အခမ်းအနားကိုနေ့လယ် (၁၆:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရပါသည်၊၊
DOCA(ဧရာဝတီ)