စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၂၄-၁၀-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊ ဈေးကလေးလမ်း၊ တာငါးဆယ်မြောက် ရပ်ကွက်ရှိ ခရိုင်ဦးစီးမှူးရုံး၌ ဟင်္သာတခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာမြို့နယ် ဆန်စပါးကုန်သည်အသင်းများမှ ကိုယ်စားပြုရွေးချယ်ထားသော ကိုယ်စားလှယ်(၅)ဦးစီအားဖိတ်ကြား၍ ဟင်္သာတခရိုင်ဆန်/ စပါးကုန်သည်များအသင်းဖွဲ့စည်းခြင်းအစည်းအဝေးကို ဆောင်ရွက်ခဲ့ပါသည်။
ထိုအစည်းအဝေးတွင် ခရိုင်ဦးစီးမှူး ဦးဇော်မင်းက ဆန်စပါးကုန်သည်များအသင်းဖွဲ့စည်းရခြင်း၏ အဓိကရည်ရွယ်ချက်များ၊ ဆန်စပါးဈေးကွက်တည်ငြိမ်မှန်ကန်စေရေးနှင့် ဆန်စပါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် အသင်းဖွဲ့စည်းရခြင်းဖြစ်ကြောင်း၊ ဒု-ခရိုင်ဦးစီးမှူး ဦးမောင်မောင်မြတ်ခိုင်က အသင်းအဖွဲ့ရွေးချယ်မှုဆိုင်ရာ ရွေးချယ်ပုံအဆင့်ဆင့်၊ အသင်းအဖွဲ့သတ်မှတ်ချက်များ၊ အသင်းအဖွဲ့စည်းမျဉ်း၊ အသင်းအဖွဲ့မှတ်တမ်းများနှင့်အညီ ဖွဲ့စည်းဆောင်ရွက်ရသည်တို့ကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ မြို့နယ်များမှရွေးချယ်ထားသည့် အလုပ်အမှုဆောင် (၁၅)ဦး တက်ရောက်ခဲ့ပြီး ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ စာရင်းစစ်ရွေးချယ်၍ ကျန်အလုပ်အမှုဆောင် (၉)ဦးသည် အဖွဲ့ဝင်အဖြစ် စုစုပေါင်း(၁၅)ဦးဖြင့် ဟင်္သာတခရိုင်ဆန်စပါးကုန်သည်များအသင်းအား ဖွဲ့စည်းပြီးကြောင်းသိရှိရပါသည်။ အဆိုပါအစည်းအဝေးကို နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)
ဟင်္သာတခရိုင် ဆန်/ စပါးကုန်သည်များအသင်းဖွဲ့စည်းခြင်း
Powered by Drupal