Main menu

အခြေခံပညာမူလတန်းကျောင်း အောင်မင်္ဂလာတပ်ကျောင်း၌ အသိပညာပေးဟောပြောခြင်း

Powered by Drupal

၂၅-၁၀-၂၀၂၄ ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် မှော်ဘီမြို့နယ် အခြေခံပညာမူလတန်းကျောင်း၊ အောင်မင်္ဂလာတပ်ကျောင်းသို့သွားရောက်၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ပထမဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်သက်ခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒု-ကြီးကြပ်ရေးမှူးက စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်တစ်ခုကို ဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့် သိသင့်သိထိုက်သည့်အချက်များ၊ ဘေးဥပါဒ်အန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန်သင့်/ မသင့် သိရှိသင့်သည့် ကုန်အညွှန်း အမှတ်အသားပါအချက်များ အား ရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)