Main menu

Hili ဆိပ်ကမ်းမှ တင်သွင်းမှုတည်ငြိမ်နေသော်လည်း ကြက်သွန်နီဈေးနှုန်းမှာ TK ၁၀~၁၂ ခန့်အထိမြင့်ထက်ခဲ့

Powered by Drupal

အိန္ဒိယနိုင်ငံမှ ပုံမှန်တင်သွင်းနေသော်လည်း Dinajpur ရှိ Hili ဆိပ်ကမ်းမှ ကြက်သွန်နီဈေးသည် သုံးရက်အတွင်း တစ်ကီလိုလျှင် TK ၁၀~၁၂ ခန့်အထိမြင့်တက်လာခဲ့သည်။ ယခုကဲ့သို့ တိုးလာရခြင်းမှာ ပြည်တွင်းရောင်းလိုအားကျဆင်းခြင်းနှင့် တင်သွင်းလာသော ကြက်သွန်နီဝယ်လိုအားမြင့်မားလာခြင်းတို့ကြောင့်ဖြစ်သည်။ လက်ကားရောင်းချသူများနှင့် စားသုံးသူများသည် တတ်နိုင်သော နှုန်းဖြင့် ကြက်သွန်နီဝယ်ယူနိုင်စွမ်းကိုထိခိုက်စေပြီး ရုတ်တရက်ဈေးတက်ခြင်းအတွက် စိတ်ပျက်မိကြောင်းပြောကြားကြသည်။ အိန္ဒိယရှိ Diwali ဈေးကွက်ပိတ်မှုကြောင့် ဈေးနှုန်းများသည် ယာယီအကျိုးသက်ရောက်မှုရှိကြောင်း တင်သွင်းသူများက ရှင်းပြခဲ့ကြပြီး တစ်ပတ်အတွင်း တည်ငြိမ်လာရန်လည်း မျှော်မှန်းထားကြသည်။ ၂၆-၁၀-၂၀၂၄ ရက်နေ့ (စနေနေ့) တွင် Indore, Nashik, South နှင့် Nagar အမျိုးအစား ကြက်သွန်နီ ၉၉၁တန် အိန္ဒိယထရပ်ကား ၃၄စီးဖြင့် ရောက်ရှိလာခဲ့သည်။ ယင်းတို့အနက် Nashik ကြက်သွန်နီသည် လွန်ခဲ့သောသုံးရက်က TK ၉၀~၉၅ ခန့်ရှိပြီး ဆိပ်ကမ်းတွင် တစ်ကီလိုလျှင် TK ၉၈~၁၀၀ ဖြင့်ရောင်းချခဲ့ပြီး Indore မျိုးများကို တစ်ကီလိုလျှင် TK ၈၅ဖြင့်ရောင်းချခဲ့သည်။ တစ်ချိန်တည်းတွင် ပြည်တွင်းထွက်ကြက်သွန်နီများအား တစ်ကီလိုလျှင် TK ၁၃၀ ဖြင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည်။ Hili အကောက်ခွန်အဆိုအရ စနေနေ့အထိ အလုပ်ချိန် ၁၆ရက်အတွင်း ကြက်သွန်နီတန်ချိန် ၁၀၀၀၀နီးပါးတင်သွင်းခဲ့ကြောင်းသိရသည်။
Source : dhakatribune
DOCA(ရန်ကုန်)