Main menu

မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် သရွတ်မြိုက် အ.လ.ကကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးနှင့်ဝန်ထမ်းများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန တို့နှင့်ပူးပေါင်း၍ (၂၃.၁၀.၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဝါးခယ်မမြို့နယ် သရွတ်မြိုက် အ.လ.က ကျောင်းတွင် ဆရာ/ ဆရာမ၊ ကျောင်းသား/ ကျောင်းသူများနှင့် ကျောင်းမုန့်ဈေးတန်းရောင်းချသူဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ဟောပြောဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံမှ ဦးစွာမိတ်ဆက်စကားပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ပါ ပြဌာန်းချက်များမှ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တာမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း ဥပဒေအခန်း(၁၈)၊ ပုဒ်မ(၄၁)၊ ပုဒ်မခွဲ (ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏အမျိုးအမည် အရွယ်အစားအရေအတွက်နှင့် အသားတင်ပမာဏ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ် ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး (သို့မဟုတ်) ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပြီး ကျောင်းမုန့်ဈေးတန်းအဖွဲ့ဖြင့် ကျောင်းမုန့်ဈေးတန်းဆိုင်များသို့ သွားရောက်စစ်ဆေးခဲ့ပြီး မုန့်ဆိုင်ပိုင်ရှင်များအား ဌာနမှထုတ်ပြန်ထားသော ဥပဒေညွှန်ကြားချက်များအား သိရှိလိုက်နာဆောင်ရွက်ကြရန် သက်တမ်းလွန်မုန့်များ ဆိုးဆေးများစွာပါဝင်သော အစားအသောက်များအား ရောင်းချခြင်းမှ ရှောင်ကျဉ်ကြရန် မုန့်ဆိုင်ပိုင်ရှင်များအား ဆွေးနွေးမှာကြားခဲ့ပါသည်။ ဟောပြောပွဲ သို့ ဆရာ/ ဆရာမ (၁၂)ဦး၊ ကျောင်းသား/ ကျောင်းသူ (၁၉၂)ဦး၊ ကျောင်းမုန်းဈေးတန်းရောင်းချသူ (၃)ဦး စုစုပေါင်း(၂၀၇)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)