Main menu

မြောင်းမြခရိုင် အိမ်မဲမြို့နယ်မှ မြို့နယ်ပုဂ္ဂလိကမော်တော်ယာဉ် စနစ်တကျပြေးဆွဲရေးကြီးကြပ်ရေး ကော်မတီအသင်းနှင့် တွေ့ဆုံဆွေးဆွေးနွေး

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့်ဝန်ထမ်းများသည် (၂၃.၁၀.၂၀၂၄)ရက်နေ့ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနရုံး၌ မြို့နယ်ပုဂ္ဂလိကမော်တော်ယာဉ် စနစ်တကျပြေးဆွဲရေးကြီးကြပ်ရေးကော်မတီဥက္ကဌ ဦးဇော်ထိုက်အောင်နှင့် တွေ့ဆုံ၍ မော်တော်ယာဉ်များစနစ်တကျပြေးဆွဲနိုင်ရေးနှင့် ပတ်သက်၍ခေါ်ယူတွေ့ဆုံဆွေးနွေးခဲ့ပါသည်။

           ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် အသင်းဥက္ကဌမှ အသင်းဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိတွင် ခရီးသည်များအဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် မှန်လုံယာဉ်လိုင်း(၅)လိုင်းဖြင့် အဝေးပြေးကားဝန်းမှ ရန်ကုန်၊ ပုသိမ်၊ မြောင်းမြ မြို့များသို့ပုံမှန်ပြေးဆွဲလျက်ရှိပြီး  ဒေသဖွံ့ဖြိုးရေးအတွက် ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး မြို့နယ်တာဝန်ခံမှလည်း ကားဝန်းအတွင်း ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ ကုန်တင်ကားများအတွက် ကားဂိတ်ထားရှိနိုင်ရန် အကြံပြုဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)