Main menu

ဘေးကင်းလုံခြုံမှုရှိသော ထုတ်ကုန်များ ထုတ်လုပ်လာစေရေး စားသုံးသူကာကွယ်ရေးဥပဒေအား အသိပညာပေး

Powered by Drupal

            မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၅.၁၀.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဒေသတွင်းထုတ်လုပ်လျှက်ရှိသော မြေပဲဆုံဆီ၊ ကွမ်းစားဆေး၊ ရေသန့် လုပ်ငန်းရှင်များဆီသို့ သွားရောက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များအား လိုက်နာဆောင်ရွက်ခြင်းဖြင့် ၎င်းတို့လုပ်ငန်းများ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိပြီး ဈေးကွက်များပိုမိုရရှိနိုင်စေရန်ရည်ရွယ်၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

       ဒုတိယခရိုင်ဦးစီးမှူးမှ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်ပါကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြရမည့်အချက်အလက်များ၊ လုပ်ငန်းရှင်များမှလည်း မိမိတို့ထုတ်လုပ်သော ကုန်စည်အမျိုးအစားအလိုက် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီသည့် ကုန်စည်များကို စားသုံးသူရေးရာဦးစီးဌာန၏စိစစ်ခွင့်ပြုချက်ရရှိရန် လျှောက်ထားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးဌာနခွဲတာဝန်ခံမှ  မြေပဲဆုံဆီ လုပ်ငန်းရှင်အား  မိမိတို့ဆုံဆီထုတ်လုပ်ရာတွင် သန့်ရှင်းသပ်ရပ်စွာ အသုံးပြုစေလိုကြောင်း၊ မြေပဲတွင် အာဖလာတောက်ဆင်မှို ဆိပ်ပါနိုင်၍ အထူးသတိပြုစေလိုကြောင်း၊ သောက်ရေသန့်လုပ်ငန်းရှင်အား သက်ဆိုင်ရာ အစိုးရဌာနများမှ ထောက်ခံချက်များရရှိရန်လိုအပ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားရှိမှုသည် အလွန်အရေးကြီးသောကြောင့် လိုက်နာရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေပါ လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)