ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေး၏ အလားလာကောင်းဆုံးအချက်ထဲတွင်ပါဝင်သည့် တရုတ်နိုင်ငံ၏ ပို့ကုန်၊သွင်းကုန်မျှော်မှန်းချက်သည် စက်တင်ဘာလတွင် ခန့်မှန်းထားသည်ထက် ပိုမိုလျော့နည်းခဲ့သည်။ တနင်္လာနေ့တွင်ထုန်ပြန်သော အကောက်ခွန်အချက်အလက်များအရ စက်တင်ဘာလတွင် ပို့ကုန်စုစုပေါင်း၏ ၂.၄ ရာခိုင်နှုန်းရှိပြီး သွင်းကုန် ၀.၃ ရာခိုင်နှုန်းရှိကြောင်းသိရသည်။.
လေ့လာသူများ၏အဆိုအရ တရုတ်ပို့ကုန်များသည် စက်တင်ဘာလတွင် ခြောက်နှစ်အတွင်း ခန့်မှန်းတန်ဖိုး ၀.၉ ရာခိင်နှုန်းခန့်မြင့်တက်မည်ဟုခန့်မှန်းထားသော်လည်း ခန့်မှန်းထားသည်ထက်လျော့နည်းခဲ့ကြောင်း reuters ၏ စစ်တမ်းများအရသိရသည်။
ပို့ကုန်များသည် တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားတစ်ခုဖြစ်ပြီး မကြာသေးမီနှစ်များအတွင်း သုံးစွဲသူအသုံးစရိတ်နည်းပါးမှုနှင့် အိမ်ခြံမြေကျဆင်းမှုကြောင့် အလေးချိန်ကျဆင်းခဲ့သည်။ သို့သော် ကုန်သွယ်ရေးတင်းမာမှုများမြင့်တက်လာခြင်းသည် လာမည့်နှစ်တွင် အရှိန်အဟုန်ဖြင့် ဆက်လက်ကြီးထွားလာရန် တရုတ်နိုင်ငံ၏ ပို့ကုန်ကို ခက်ခဲစေလိမ့်မည်ဖြစ်ကြောင်း Pinpoint Asset Management ၏ ဥက္ကဋ္ဌနှင့် စီးပွားရေးပညာရှင် Zhiwei Zhang က မှတ်ချက်တစ်ခု၌ ပြောကြားခဲ့သည်
အမေရိကန်နှင့် ဥရောပသမဂ္ဂတို့သည် တရုတ်နိုင်ငံလုပ် လျှပ်စစ်ကားများအပါအဝင် အခြားသောထုတ်ကုန်များအပေါ် အခွန်တိုးမြှင့်ကောက်ခံလျက်ရှိသည်။ ၎င်း၏အကြီးဆုံးကုန်သွယ်ဖက်ဖြစ်သော အမေရိကန်သို့ တရုတ်နိုင်ငံ၏ပို့ကုန်သည် ပြီးခဲ့သည့်နှစ်ထက် စက်တင်ဘာတွင် ၂ဒသမ ၂ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး အမေရိကန်မှ တင်သွင်းမှုမှာ ၆ဒသမ ၇ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း CNBC ၏ တရားဝင်အချက်အလက်များ လေ့လာဆန်းစစ်မှုအရသိရသည်။ "ပြီးခဲ့တဲ့လက သွင်းကုန်ပမာဏကျဆင်းသွားပေမယ့် ဘဏ္ဍာရေးအသုံးစရိတ်က စက်မှုကုန်စည်တွေရဲ့ ဝယ်လိုအားကို တိုးမြင့်လာစေတဲ့အတွက် အချိန်တိုအတွင်း ပြန်တက်လာနိုင်ဖွယ်ရှိပါတယ်" ဟု Capital Economics မှ တရုတ်စီးပွားရေးပညာရှင် Zichun Huang က တနင်္လာနေ့တွင် မှတ်ချက်တစ်ခု၌ ပြောကြားခဲ့သည်။ ဒေသတွင်းအခြေခံအားဖြင့် တရုတ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်ဖြစ်သော အရှေ့တောင်အာရှနိုင်ငံများအသင်းသို့တင်ပို့မှုမှာ ၅ဒသမ ၅ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး သွင်းကုန်မှာ ၄ဒသမ ၂ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ ဥရောပသမဂ္ဂသို့ တရုတ်၏ပို့ကုန်သည် ၁ဒသမ ၃ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး သွင်းကုန် ၄ရာခိုင်နှုန်းကျဆင်းခဲ့သည်။ BRICS မိတ်ဖက် ရုရှားနိုင်ငံသို့ တရုတ်နိုင်ငံ၏တင်ပို့မှုမှာ ၁၆ဒသမ ၆ရာခိုင်နှုန်းမြင့်တက်ခဲ့သော်လည်း သွင်းကုန် ၈ဒသမ ၄ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ဆန်းစစ်ချက်တွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံ၏ အလုံးစုံ မော်တော်ယာဥ်တင်ပို့မှုမှာ စက်တင်ဘာလတွင် တစ်နှစ်ထက်တစ်နှစ် ၂၅.၇ ရာခိုင်နှုန်းတိုးလာခဲ့ပြီး ဖိနပ်များ၊ အရုပ်များနှင့် စမတ်ဖုန်းများအားလုံးသည် အလားတူကာလထက် ကျဆင်းသွားခဲ့သည်။
ပြည်တွင်းဝယ်လိုအားအနေဖြင့် တရုတ်နိုင်ငံ၏ ရေနံစိမ်းတင်သွင်းမှုသည် စက်တင်ဘာလတွင် အမေရိကန်ဒေါ်လာဈေးနှုန်းဖြင့် ၁၀.၇ ရာခိုင်နှုန်းကျဆင်းသွားခဲ့ပြီး သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေးတင်သွင်းမှုမှာ ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက မြင့်တက်ခဲ့သည်။ တရုတ်နိုင်ငံ၏ ရှားပါးမြေကုန်သွယ်မှုသည် ယခင်နှစ်ထက် စက်တင်ဘာလတွင် တင်ပို့မှု ၄၀ရာခိုင်နှုန်းကျော်ကျဆင်းခဲ့ပြီး သွင်းကုန် ၉ရာခိုင်နှုန်းခန့်ကျဆင်းသွားသဖြင့် တရုတ်နိုင်ငံ၏ ရှားပါးမြေကုန်သွယ်မှုသည် ပိုမိုကျဆင်းသွားခဲ့သည်။ ပိုမိုမတည်ငြိမ်သော အစားအသောက်နှင့် စွမ်းအင်စျေးနှုန်းများကို ဖယ်ရှားပေးသည့် အဓိကစားသုံးသူစျေးနှုန်းညွှန်းကိန်းသည် လွန်ခဲ့သောနှစ်ထက် စက်တင်ဘာလတွင် ၀.၁ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ Wind Information database အရ ယခုအခြေအနေသည် ၂၀၂၁ နောက်ပိုင်းနှစ်များတွင် ဖေဖော်ဝါရီလနောက်ပိုင်း အနှေးဆုံးဖြစ်သည်။ စက်တင်ဘာ ၁ရက်နေ့မှစတင်ခဲ့သော ဆောင်းဦးရာသီနှင့် ရွှေရောင် ရက်သတ္တပတ် အားလပ်ရက်များကြားမှ ခရီးသွားလုပ်ငန်းဆိုင်ရာ စျေးနှုန်းများသည် တစ်နှစ်ထက်တစ်နှစ် ၂.၁ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ တရုတ်အမျိုးသားစာရင်းအင်းဗျူရိုသည် သောကြာနေ့တွင် လက်လီရောင်းချမှု၊ စက်မှုထုတ်လုပ်မှုနှင့် ပုံသေပိုင်ဆိုင်မှုရင်းနှီးမြှုပ်နှံမှုတို့နှင့်အတူ တတိယသုံးလပတ် GDP ဒေတာကို သောကြာနေ့တွင်ထုတ်ပြန်ရန် စီစဉ်ထားသည်။ ရင်းနှီးမြုပ်နှံသူများစွာ မျှော်လင့်ထားသည့် ဘဏ္ဍာရေးမူဝါဒ အသေးစိတ်အချက်အလက်များမှာ တိုတောင်းနေသော်လည်း တရုတ်အာဏာပိုင်များသည် ပြီးခဲ့သည့်လနှောင်းပိုင်းကတည်းက လှုံ့ဆော်မှုကြေညာချက်များကို အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။ ဘေဂျင်း၏ စီးပွားရေးပံ့ပိုးမှု၏ နောက်ဆုံးအကျိုးသက်ရောက်မှုကို အကြိတ်အနယ်ငြင်းခုံနေကြစဉ် တရုတ်ရှိ စတော့ရှယ်ယာများတွင် လှုပ်ခတ်မှုများရှိခဲ့ကြောင်းသိရသည်။
sources- hnixhua news
DOCA(မန္တလေး)
စက်တင်ဘာလအတွင်း တရုတ်နိုင်ငံ၏ ပို့ကုန်သွင်းကုန်များ မျှော်လင့်ထားသည်ထက်လျော့နည်းခဲ့
Powered by Drupal