ယူကေဘဏ္ဍာရေးဝန်ကြီး Reeves က တရုတ်ကုန်သွယ်မှုကိုမြှင့်တင်ရန် နီးကပ်သော ချဉ်းကပ်မှုလိုအပ်ကြောင်းကို ဝါရှင်တန်တွင်ပြုလုပ်သော အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့နှင့် ကမ္ဘာ့ဘဏ်၏ နှစ်စဉ်အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း reuters သတင်းတစ်ရပ်ကဖော်ပြသည်။ ဝါရှင်တန်၌ ပြုလုပ်သော ရန်ပုံငွေနှင့် ကမ္ဘာ့ဘဏ် နှစ်ပတ်လည်အစည်းအဝေးများတွင် အမေရိကန်သည် ပေကျင်း၏ စီးပွားရေးနှင့် ကုန်သွယ်မှုများအား တင်းတင်းကြပ်ကြပ်ကိုင်တွယ်သည့်အချိန်မှစ၍ တရုတ်နိုင်ငံသို့ ပို့ကုန်များမြှင့်တင်နိုင်ခဲ့ကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။
Reeves သည် ၂၀၂၅ခုနှစ်အစောပိုင်းတွင် ပေကျင်းသို့သွားရောက်ရန် စဉ်းစားနေပြီး ၂၀၁၉ခုနှစ်တွင် ပြုလုပ်ခဲ့သော တရုတ်နှင့် အဆင့်မြင့်အစည်းအဝေးများကို ပြန်လည်အသက်သွင်းရန် ဗြိတိန်ဘဏ္ဍာရေးဝန်ကြီးဌာနကလုပ်ဆောင်နေပြီး တရုတ်အစိုးရသည် ပိုမိုနီးကပ်သော တွေ့ဆုံဆွေးနွေးမှုများကိုလည်းပံ့ပိုးပေးထားကြောင်း တရုတ်အစိုးရမီဒီယာကဖော်ပြခဲ့သည်။ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့ကဲ့သို့ပင်၊ ဗြိတိန်သည် တရုတ်လုပ် လျှပ်စစ်ကားများအပေါ် အခွန်စည်းကြပ်ရန် အစီအစဉ်မရှိကြောင်း ယင်းကပြောကြားခဲ့သည်။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်လမီသည် ပြီးခဲ့သည့် သီတင်းပတ်က တရုတ်နိုင်ငံသို့ နှစ်ရက်ကြာခရီးစဉ်အတွင်း လာရောက်ခဲ့ပြီး အစိုးရသည် စီးပွားရေးဆက်ဆံမှုတွင် အမျိုးသားလုံခြုံရေးကို ဦးစားပေးမည်ဟု ပြောကြားခဲ့သော်လည်း စီးပွားရေး၏ ၉၅ရာခိုင်နှုန်းသည် အဓိကစိုးရိမ်ရသည့် နယ်ပယ်တွင်မရှိကြောင်း ၎င်းကပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ဗြိတိန်၏ ဆဋ္ဌမမြောက် အကြီးဆုံးကုန်သွယ်ဖက်ဖြစ်ပြီး၊ ကုန်စည်နှင့် ဝန်ဆောင်မှုကုန်သွယ်မှု၏ ၅ရာခိုင်နှုန်းသည် ပေါင် ၈၆.၅ ဘီလီယံ (ဒေါ်လာ ၁၁၂ဘီလီယံ) ရှိပြီး ဗြိတိန်သည် တရုတ်ကုန်သွယ်မှု၏ စျေးကွက်ဝေစု ၁.၂ ရာခိုင်နှုန်းရှိသည်။ "ဘဏ္ဍာရေးဝန်ဆောင်မှုများအပါအဝင် UK ကုမ္ပဏီများ ပိုမိုတင်ပို့ရန်နှင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုအတွက် ကြီးမားသောအခွင့်အလမ်းများရှိသည်" ဟု Reeves ကပြောကြားခဲ့သည်။ “ပိုမိုလုံခြုံပြီး ခံနိုင်ရည်ရှိတဲ့ စီးပွားရေးကို တည်ဆောက်လိုတဲ့ ကျွန်တော့်ရဲ့ဆန္ဒဟာ ဒီအစိုးရရဲ့ စီးပွားရေးမူဝါဒရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ မပြောင်းလဲပါဘူး” ဟု သူမကပြောကြားခဲ့သည်။
source- reuters
DOCA(မန္တလေး)
ယူကေဘဏ္ဍာရေးဝန်ကြီး Reeves က တရုတ်ကုန်သွယ်မှုကိုမြှင့်တင်ရန် နီးကပ်သော ချဉ်းကပ်မှုလိုအပ်ကြောင်း ပြောကြား
Powered by Drupal