Main menu

အိန္ဒိယသည် ဆန်တင်ပို့မှုကန့်သတ်ချက်များကို ပိုမိုဖြေလျှော့ပေးခဲ့

Powered by Drupal

အိန္ဒိယအစိုးရသည် အောက်တိုဘာလ ၂၂ရက်နေ့မှစ၍ လတ်တလောဆုံးဖြတ်ချက် (၂) ခုဖြင့် ၂၀၂၂ စက်တင်ဘာလကတည်းက စတင်အသက်ဝင်ခဲ့သော ဆန်တင်ပို့မှုဆိုင်ရာ အတားအဆီးများ အားလုံးကိုဖယ်ရှားခဲ့သည်။ ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှုတွင် အိန္ဒိယဆန်တင်ပို့မှုအနေဖြင့် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၄၉၀ (MEP) ဖြင့် အနိမ့်ဆုံးပို့ကုန်ဈေးနှုန်းကိုရုပ်သိမ်းခဲ့သည်။ ယခုကဲ့သို့သော ရုတ်သိမ်းမှုသည် ဆန်ဖြူတင်ပို့မှုအပေါ် အခွန်ရုပ်သိမ်းပြီး တစ်ရက်အကြာတွင် ကြော်ငြာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ “ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှုအတွက် MEP ၏ လိုအပ်ချက်သည် ချက်ချင်းအကျိုးသက်ရောက်မှုရှိသည်” ဟု အိန္ဒိယနိုင်ငံ နိုင်ငံခြားကုန်သွယ်မှုဌာန (DGFT) မှ အကြောင်းကြားစာတွင် ပြောကြားခဲ့သည်။ အင်္ဂါနေ့ညနှောင်းပိုင်းတွင် ဘဏ္ဍာရေး ဝန်ကြီးဌာနက ဆန်ဖြူအပေါ် ပို့ကုန်ခွန် ၁၀ရာခိုင်နှုန်းကိုဖယ်ရှားကြောင်း အကြောင်းကြားစာတွင်ဖော်ပြထားသည်။ စက်တင်ဘာလ ၂၈ရက်နေ့တွင် အိန္ဒိယနိုင်ငံသည် ဘာစမာတီမဟုတ်သော ဆန်ဖြူများ ပြည်ပသို့ တင်ပို့ရောင်းချမှုတားမြစ်ချက်ကိုရုပ်သိမ်းခဲ့ပြီး ကြမ်းခင်းဈေးသတ်မှတ်ခဲ့သည်။ အောက်တိုဘာလ ၂၂ရက်နေ့ကတည်းက ဆုံးဖြတ်ချက်နှစ်ခုဖြင့် အိန္ဒိယအစိုးရသည် ၂၀၂၂ခုနှစ်၊ စက်တင်ဘာလကတည်းက စတင်အသက်ဝင်ခဲ့သော ဆန်တင်ပို့မှုဆိုင်ရာ အတားအဆီးအားလုံးကိုဖယ်ရှားခဲ့သည်။ အိန္ဒိယသည် ဆန်ကွဲတင်ပို့မှုကိုမူ တားမြစ်ထားဆဲဖြစ်သည်။
SOURCES-THE DAILY STARS
DOCA(မန္တလေး)