Main menu

အိန္ဒိယနိုင်ငံ၏ ပို့ကုန်ခွန်လျှော့ချပြီးနောက် အာရှ၏ အဓိကအချက်ချာနေရာများတွင် ဆန်တင်ပို့မှုကျဆင်း

Powered by Drupal

အိန္ဒိယသည် အဓိကပို့ကုန်ခွန်ကိုဖျက်သိမ်းကာ စျေးကွက်တွင် ထောက်ပံ့မှုလွန်ကဲလာမည်ကို စိုးရိမ်မှုများမြင့်တက်လာပြီးနောက် ထိပ်တန်းဆန်တင်ပို့သူနှင့် ဗီယက်နမ်နိုင်ငံတို့၏ နှုန်းထားများကို တစ်နှစ်ကျော်အတွင်း အနိမ့်ဆုံးအဆင့်သို့တွန်းပို့ခဲ့ပြီး ယခုသီတင်းပတ်အတွင်း အာရှ၏ အဓိကအချက်အချာနေရာများတွင် ဆန်တင်ပို့မှုနှုန်းကျဆင်းသွားခဲ့ကြောင်းသိရသည်။ အိန္ဒိယသည် ပို့ကုန်ခွန်မြှင့်တင်ရန် အင်္ဂါနေ့နှောင်းပိုင်းတွင် ဆန်ဖြူအပေါ် ပို့ကုန်ခွန်ကိုဖယ်ရှားခဲ့ပြီး ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှုအတွက် ကြမ်းခင်းဈေး တစ်တန် ကန်ဒေါ်လာ၄၉၀ကိုဖယ်ရှားခဲ့သည်။ အိန္ဒိယ၏ ဆန်ဖြူဆန်ကွဲ ၅ရာခိုင်နှုန်းကို ယခုသီတင်းပတ်တွင် တစ်တန်လျှင် ကန်ဒေါ်လာ၄၅၀မှ ၄၈၄ဒေါ်လာဖြင့် ဈေးဖွင့်ခဲ့ပြီး ၂၀၂၃ခုနှစ်၊ သြဂုတ်လနောက်ပိုင်း အနိမ့်ဆုံးဖြစ်သည်။ အိန္ဒိယဆန်ကွဲ ၅ရာခိုင်နှုန်းမှာ တစ်တန်လျှင် ကန်ဒေါ်လာ၄၆၀မှ ၄၉၀ဒေါ်လာအထိရှိသည်။ “အစိုးရက ပို့ကုန်ခွန်နဲ့ အနိမ့်ဆုံးပို့ကုန်ဈေးနှုန်းကိုဖယ်ရှားပြီးနောက် အိန္ဒိယဈေးတွေ သိသိသာသာကျဆင်းသွားတယ်။ ဒီတစ်ပတ်တော့ ဝယ်လိုအားကောင်းနေတယ်” ဟု ကာလကတ္တားအခြေစိုက် ပို့ကုန်လုပ်ငန်းရှင်တစ်ဦးကပြောသည်။ ဗီယက်နမ်၏ ဆန်ကွဲ ၅ရာခိုင်နှုန်းကို ကြာသပတေးနေ့တွင် မက်ထရစ်တစ်တန်လျှင် ၅၃၂ဒေါ်လာဖြင့်ကမ်းလှမ်းခဲ့ပြီး လွန်ခဲ့သည့်တစ်ပတ်က ၅၃၇ဒေါ်လာမှ ကျဆင်းခဲ့ကြောင်း ဗီယက်နမ်စားနပ်ရိက္ခာအသင်းမှသိရသည်။ ဤအပတ်စျေးနှုန်းများသည် ၂၀၂၃ခုနှစ်၊ ဇူလိုင်လကတည်းက ၎င်းတို့၏ စပါးဈေးနှုန်း အနိမ့်ဆုံးဈေးသို့ကျဆင်းခဲ့ခြင်းဖြစ်သည်။ “အခြားတင်ပို့တဲ့နိုင်ငံတွေက အပြိုင်အဆိုင်ဈေးတွေကြောင့် ဗီယက်နမ်ဆန်ဈေးတွေ သက်သာသွားတယ်” ဟု ဟိုချီမင်းမြို့အခြေစိုက် ကုန်သည်တစ်ဦးကပြောသည်။ အိန္ဒိယဆန်ဖြူဈေးသည် ၁နှစ်အတွင်း အနိမ့်ဆုံးအနီးတွင်ရှိနေပြီး ထိုင်းဝယ်လိုအားတည်ငြိမ်မှုနှင့်အတူ ထိုင်းအတိုးနှုန်းမြင့်တက်ခဲ့သည်။ “ဆန်ဝယ်ယူရေး လေလံဆွဲမှုကိုဖျက်သိမ်းရန် ဗုဒ္ဓဟူးနေ့တွင် အင်ဒိုနီးရှား၏ Bulog ၏ဆုံးဖြတ်ချက်သည် ဈေးနှုန်းများအပေါ် ဆိုးရွားသော သက်ရောက်မှုများကျန်ရစ်စေခဲ့သည်” ဟု ကုန်သည်က ထပ်လောင်းပြောကြားခဲ့သည်။ အိန္ဒိယ၏ တင်ပို့မှုဆုံးဖြတ်ချက်ကြောင့် ထိုင်းနိုင်ငံ၏ ဆန်ကွဲ ၅ရာခိုင်နှုန်းသည် ပြီးခဲ့သည့်သီတင်းပတ်က တစ်တန်လျှင် ကန်ဒေါ်လာ၅၂၀မှ ဒေါ်လာ၅၁၀သို့ကျဆင်းခဲ့သည်။ ဝယ်လိုအားတည်ငြိမ်နေပြီး ပို့ကုန်လုပ်ငန်းရှင်များသည် အပတ်စဉ် ကုန်စည်စီးဆင်းမှုများရှိနေကြောင်း ဘန်ကောက်အခြေစိုက် ကုန်သည်တစ်ဦးကပြောသည်။ တစ်ချိန်တည်းတွင် ဘင်္ဂလားဒေ့ရှ်သည် သီးနှံတန်ချိန် ၁ဒသမ ၁သန်းနီးပါးပျက်စီးခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် ဆန်တင်သွင်းခွန် ၃၇ရာခိုင်နှုန်းလျှော့ချခဲ့သည်။ ဆန်အကောက်ခွန်ကို ၂၅ရာခိုင်နှုန်းမှ ၁၅ရာခိုင်နှုန်းအထိလျှော့ချခဲ့ပြီး စည်းကြပ်ခွန် ၂၅ရာခိုင်နှုန်းမှ ၅ရာခိုင်နှုန်းသို့လျှော့ချလိုက်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ ယခုသီတင်းပတ်အစောပိုင်းက ထုတ်ပြန်ချက်အရသိရသည်။ ထို့ပြင် မြန်မာနိုင်ငံသည်လည်း လက်ရှိ ဆန်တင်သွင်းမှုအပေါ် ကြိုတင်ခွန် ၅ရာခိုင်နှုန်းရုပ်သိမ်းခဲ့သည်။
Sources –reuters
DOCA(မန္တလေး)