Main menu

G20 ဝန်ကြီးများက ကမ္ဘာ့ကုန်သွယ်ရေး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကုန်သွယ်ရေးအရှိန် ပိုမိုမြင့်တက်လာစေရန် အမျိုးသမီးများ၏ အခန်းကဏ္ဍကိုမြှင့်တင်ရန် သဘောတူ

Powered by Drupal

နိုင်ငံတကာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများသည် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ရန်နှင့် ကမ္ဘာ့ကုန်သွယ်မှုတွင် အမျိုးသမီးများ၏ပါဝင်မှုကို မြှင့်တင်သင့်ကြောင်း G20 ၏ အကြီးဆုံးသော စီးပွားရေးအုပ်စုမှ ဝန်ကြီးများက ကြာသပတေးနေ့တွင် သဘောတူညီခဲ့ကြသည်။ ပဋိပက္ခဖြေရှင်းရေးစနစ်တွင် “ပိုမိုမြန်ဆန်၊ ပိုမိုသွက်လက်ပြီး ထိရောက်မှု” ရရှိရန်အတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ပြုပြင်ပြောင်းလဲရေးကို အရှိန်မြှင့်ရန်လိုအပ်ကြောင်းတို့ကို သဘောတူညီခဲ့ကြောင်း ဘရာဇီးဒုတိယသမ္မတနှင့် ကုန်သွယ်ရေးဝန်ကြီး Geraldo Alckmin က သတင်းထောက်များအား ပြောကြားခဲ့သည်။ Brasilia တွင် G20 ကုန်သွယ်ရေးဝန်ကြီးများအစည်းအဝေးမှ သဘောတူညီထားသည့် အဆိုပြုချက်များကို ရီယိုဒီဂျနေရိုးတွင် နိုဝင်ဘာလ၌ကျင်းပသည့် ဘရာဇီးနှစ်ပတ်လည် ထိပ်သီးအစည်းအဝေးတွင် အဖွဲ့ခေါင်းဆောင်များထံ အဆိုပြုမည်ဖြစ်ပြီး ၎င်းတို့၏ ပူးတွဲကြေညာချက်တွင် ထည့်သွင်းမည်ဖြစ်သည်။ G20 သည် နိုင်ငံတကာကုန်သွယ်မှုတွင် အမျိုးသမီးများပါဝင်မှုတိုးမြင့်လာမှု ပြဿနာကို ပထမဆုံးအကြိမ် ကိုင်တွယ်ဖြေရှင်းခြင်းဖြစ်သည်ဟု Alckmin ကပြောကြားပြီး ဘရာဇီးလ်သမ္မတ Luiz Inacio Lula da Silva က G20 မူဝါဒတစ်ရပ်ဖြစ်လာရန် အခိုင်အမာပြောကြားခဲ့ကြောင်းသိရသည်။ လာမည့်နှစ် COP30 ရာသီဥတုဆိုင်ရာဆွေးနွေးပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ဘရာဇီးလ်သည် ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရန်လိုအပ်ကြောင်းကိုလည်း ဦးစားပေးခဲ့ပြီး G20 သည် သဘာဝပတ်ဝန်းကျင်နှင့် ရေရှည်တည်တံ့သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုအားပေးသည့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို တောင်းဆိုသင့်သည်ဟု အဆိုပြုခဲ့သည်။ Lula သည် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ ပြုပြင်ပြောင်းလဲရေးကို ဦးစားပေးလုပ်ဆောင်ခဲ့ပြီး WTO ပြုပြင်ပြောင်းလဲမှုနှင့် နိုင်ငံစုံကုန်သွယ်မှုစနစ်အားကောင်းလာစေရန် ဝန်ကြီးများက သဘောတူညီခဲ့ကြောင်း ဘရာဇီးအစိုးရ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ အဖွဲ့ဝင်များသည် ရုရှား၊ ယူကရိန်းနှင့် ဂါဇာကမ်းမြောင်အခြေအနေတို့ကို ၎င်းတို့၏အမြင်များကိုဖော်ပြခဲ့သော်လည်း “စာမူကြမ်းရေးဆွဲရာမှာ သဘောထားကွဲလွဲမှုတွေရှိခဲ့ပေမဲ့ အဆုံးမှာတော့ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ အမျိုးသမီးရေးရာ အဆိုပြုချက်အပါအဝင် အရာ ားလုံးအပေါ် သဘောတူညီမှုရရှိခဲ့ပါတယ်” ဟု အစည်းအဝေးသို့ တက်ရောက်ခဲ့သူ အာရှသံတမန်တစ်ဦးကပြောကြားခဲ့သည်။
sources-Reuters news
DOCA(မန္တလေး)