Main menu

အသင့်စား‌ခေါက်ဆွဲခြောက် အမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

              စားသုံးသူအများစုသုံးစွဲနေသည့် ကုန်စည်ဖြစ်ခြင်း၊ အလွယ်တကူဝယ်ယူနိုင်သည့်ကုန်စည်ဖြစ်သော အသင့်စားခေါက်ဆွဲခြောက်အမျိုးမျိုးတို့အား စားသုံးသည့်လူအများစု ဘေးအန္တရာယ်မရှိစေရန် ၂၄.၁၀.၂၀၂၄ ရက်နေ့တွင် ကမာရွတ်ခရိုင်၊ ဆင်မလိုက်ဈေးနှင့် လှိုင်မြို့နယ်၊ အုတ်ကျင်းဈေးတို့တွင် ကွင်းဆင်းစစ်ဆေးခဲ့ရာ MAMEE (ကြက်သားဆီချက်)၊ ယမ်ယမ်(ပုဇွန်ချဉ်စပ်)၊ Wah Lah (မာလာ မောက်ချိုက်)၊ ဟဲပီးတံဆိပ်အသင့်စားခေါက်ဆွဲ၊ မာမားခေါက်ဆွဲ၊ OMG (ရှူးရှဲမာလာရှမ်းကော)၊ Xcite (ပုဇွန်ချဉ်စပ်)၊ Wah Lah (မလိုင်ချဉ်စပ်)၊ Wah Lah (ကြက်အုန်းနို့ခေါက်ဆွဲ)၊ Ultra (မီးတောက်ကြက်စပ် အရသာ)၊ ဟဲပီးတံဆိပ်အသင့်စားရှမ်းကော်ရည်၊ မာမား(အရှေ့တိုင်းစတိုင် ဘဲဥဆားငန်အရသာမွှေကြော်ခေါက်ဆွဲ)တို့အား စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိသည်ကို စစ်ဆေးတွေ့ ရှိခဲ့ပြီး အဖွားလက်ရာအသားဗူးစည်သွပ်ဗူးများအား စတစ်ကာပေါ်မှဖော်ပြချက်နှင့် ဗူးပေါ်တွင် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားများ ကွဲလွဲမှုရှိ/ မရှိကို အလုံမြို့နယ် City Mart တွင် အနောက်ပိုင်း ခရိုင်ဝန်ထမ်းများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှီရပါသည်။

DOCA(ရန်ကုန်)