စားသုံးသူရေးရာဦးစီးဌာန၊ တိုက်ကြီးမြို့နယ်၊ မြို့နယ်ခွဲတာဝန်ခံနှင့်အတူ မြို့နယ်စီမံခန့်ခွဲရေးဥက္ကဋ္ဌတို့ပူးပေါင်း၍ ၂၇-၁၀-၂၀၂၄ ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် တိုက်ကြီးမြို့နယ်ရှိ စက်သုံးဆီဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။
အဆိုပါကွင်းဆင်းမှုတွင် စက်သုံးဆီ(၉)ဆိုင်ရှိသည့်အနက် ရတနာ(တိုက်ကြီး)၊ မင်းမဟာ (သာမညဖြိုး)နှင့် Terminal (204) ဆိုင်များသို့ သွားရောက်စစ်ဆေးခဲ့ရာ စက်သုံးဆီအမျိုးအစား အလိုက် ဈေးနှုန်းမှန်ကန်စွာရောင်းချမှုရှိ/ မရှိ၊ စက်သုံးဆီကားအဝင်စာရင်းများ၊ အလေးချိန် အချင်အတွယ်ပြည့်ဝမှုရှိ/ မရှိ၊ စက်သုံးဆီဘောက်ဆာအဝင်ရှိ/ မရှိတို့ကိုစစ်ဆေးခဲ့ရာ ဈေးနှုန်း LED ဘုတ်တင်ထားပြီး လီတာများလည်းပြည့်ဝမှုရှိပါကြောင်း၊ သတ်မှတ်ထားသောဈေးနှုန်းဖြင့် ရောင်းချလျက်ရှိပြီး ဘောက်ဆာကားအဝင်များလည်းရောက်ရှိလျက်ရှိပြီး သက်ဆိုင်ရာဌာနများသို့ စာရင်းပေးပို့လျက်ရှိကြောင်း ကွင်းဆင်းစစ်ဆေးချက်အရသိရှိရပါသည်။
DOCA(ရန်ကုန်)
တိုက်ကြီးမြို့နယ်ရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း
Powered by Drupal