ယခုနှစ်၏ ပထမ ၉လတာကာလတွင် ဗီယက်နမ်သည် စင်္ကာပူ၏ ၅ခုမြောက်အကြီးဆုံး ရေထွက်ကုန်တင်ပို့သူအဖြစ်ရပ်တည်ခဲ့ကြောင်း စင်္ကာပူရှိ ဗီယက်နမ်ကုန်သွယ်ရေးကပြောကြားခဲ့ပါသည်။ ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း စင်္ကာပူသည် အမေရိကန်ဒေါ်လာ ၆၃၅.၂၄ သန်းတန်ဖိုးရှိသည့် ရေထွက်ကုန်များအား နိုင်ငံနှင့် ဒေသ၁၀၀နီးပါးမှတင်သွင်းခဲ့ပြီး ၂၀၂၃ခုနှစ်၏ တူညီသည့်ကာလထက် ၄.၅၁% ကျဆင်းခဲ့ကြောင်းသိရပါသည်။ ထိုကာလအတွင်း စင်္ကာပူသို့ ရေထုတ်ကုန်များတင်ပို့သည့် ထိပ်တန်းနိုင်ငံများမှာ မလေးရှားက ဈေးကွက်ဝေစု၏ ၁၃.၄၂%၊ အင်ဒိုနီးရှား ၁၀.၉၈%၊ နော်ဝေ ၁၀.၃၄%၊ တရုတ် ၉.၈၁%၊ ဗီယက်နမ် ၉.၂၂% နှင့် ဂျပန် ၈.၄၂% တို့ဖြစ်ကြောင်းသိရပါသည်။ စင်္ကာပူရှိ ဗီယက်နမ်ကုန်သွယ်ရေးရုံး၏ အကြီးအကဲဖြစ်သူ Cao Xuan Thang က အထက်ဖော်ပြပါအချက်အလက်များသည် စင်္ကာပူဈေးကွက်တွင် ဗီယက်နမ်ရေထွက်ကုန်များ၏ အရေးပါသောနေရာနှင့် အခန်းကဏ္ဍကိုသရုပ်ပြနေကြောင်း၊ စင်္ကာပူတွင် ငွေကြေးဖောင်းပွမှုမြင့်တက်ခြင်းနှင့် အသုံးစရိတ်လျှော့ချလာမှုသည် ဗီယက်နမ်အပါအဝင် တင်ပို့သူများအတွက် အဓိကစိန်ခေါ်မှုဖြစ်နေကြောင်းနှင့် နိုင်ငံများသည် ထောက်ပံ့ပို့ဆောင်ရေးနှင့် ကုန်ကျစရိတ်လျှော့ချခြင်း၏ အားသာမှုကိုရယူခြင်းသည် စင်္ကာပူသို့ ကုန်ပစ္စည်းများတင်ပို့ရာတွင် ကြီးမားသောယှဉ်ပြိုင်နိုင်စွမ်းကို ဖန်တီးနိုင်မည်ဟုပြောကြားခဲ့ပါသည်။ သို့သော် ဈေးကွက်ဝေစုတည်ငြိမ်စွာမြင့်တက်ရန်နှင့် စင်္ကာပူသို့ ရေထွက်ကုန်တင်ပို့မှုတန်ဖိုးနှင့် အဆင့်ှင့်တင်ရန်အတွက် ဗီယက်နမ်သည် ထုတ်ကုန်အရည်အသွေး ဆက်လက်တိုးတက်ရန်လိုအပ်ကြောင်းသိရပါသည်။
Source : Vietnam Plus
DOCA(ရန်ကုန်)
စင်္ကာပူ၏ ၅ခုမြောက်အကြီးမားဆုံး ရေထွက်ကုန်တင်ပို့သူအဖြစ် ဗီယက်နမ်ဆက်လက်ရပ်တည်
Powered by Drupal