Main menu

ပထမဆုံး ကမ္ဘောဒီးယားဒီဂျစ်တယ်ကုန်သွယ်မှုဖိုရမ်ကို ဒီဇင်ဘာလတွင် ကျင်းပရန်ကြိုးပမ်း

Powered by Drupal

ကမ္ဘောဒီးယားနိုင်ငံစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ဒီဇင်ဘာလတွင် ပထမဆုံးဒီဂျစ်တယ်ကုန်သွယ်မှုဖိုရမ်နှင့် အွန်လိုင်းကုန်စည်ပြပွဲကို လက်ခံကျင်းပမည်ဖြစ်သည်။ ထိုပွဲသည် ကမ္ဘောဒီးယားတွင် ဒစ်ဂျစ်တယ်ကုန်သွယ်မှုကိုမြှင့်တင်ရန်နှင့် ပြည်တွင်းထုတ်ကုန်များကို နိုင်ငံခြားဈေးကွက်သို့ထိုးဖောက်နိုင်ရန် ပံ့ပိုးမှုတစ်ခုဖြစ်မည်ဟုယုံကြည်ထားသည်။ ကမ္ဘောဒီးယားဒစ်ဂျစ်တယ်ကုန်သွယ်မှုဖိုရမ်နှင့် အွန်လိုင်းကုန်စည်ပြပွဲသည် နိုင်ငံအတွင်း ပထမဆုံးအကြိမ်ကျင်းပသည့်ပွဲဖြစ်ပြီး ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ ၁၃ရက်နေ့မှ ၁၆ရက်နေ့အထိ ဖနွမ်းပင်မြို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ဖိုရမ်နှင့်ပြပွဲသည် ကမ္ဘောဒီးယားတွင် ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ်ကုန်သွယ်မှုကိုမြှင့်တင်ရန်ရည်ရွယ်ပြီး ပြည်တွင်းထုတ်ကုန်များ၏ ကမ္ဘာလုံးဆိုင်ရာအရောင်းမြှင့်တင်ခြင်းကို ပံ့ပိုးကူညီနိုင်မည်ဖြစ်သည်။ ပြပွဲအတွင်း CambodiaTrade.com မှတစ်ဆင့် ပြည်တွင်းနှင့် နိုင်ငံတကာဈေးကွက်များတွင် ကမ္ဘောဒီးယားစွန့်ဦးတီထွင်သူများအားလုံး အမျိုးသားထုတ်ကုန်များခင်းကျင်းရောင်းချခြင်းတွင် ပါဝင်နိုင်သည်ဟု ဝန်ကြီးဌာနကထုတ်ပြန်ထားသည်။ ပါဝင်သူများသည် e-business အနာဂတ်အတွက် အဖိုးတန်သော အတွေ့အကြုံများကိုရရှိစေမည်ဖြစ်ပြီး သုံးစွဲသူများ၏ယုံကြည်မှုကို တည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။
Source: Khmer Times
DOCA(ရန်ကုန်)