စင်္ကာပူအခြေစိုက် CSNC ၏ အမေရိကန်ဒေါ်လာ ၁၂သန်းတန်ကြေးရှိသည့် ကမ္ဘောဒီးယား၏ အကြီးမားဆုံး သီဟိုဠ်စက်ရုံသည် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလတွင် တည်ဆောက်မှုပြီးစီးမည်ဖြစ်ပြီး ၂၀၂၅ခုနှစ်၊ မတ်လတွင် စတင်လည်ပတ်မည်ဟုသိရပါသည်။ ထိုစက်ရုံသည် နှစ်စဉ်တင်ပို့ရန်အတွက် တစ်ရက်ကို သီဟိုဠ်စေ့ တန်၄၀နှင့် တစ်နှစ်ကို တန်၁၂၀၀၀ကျော်ထုတ်လုပ်နိုင်စွမ်းရှိကြောင်းသိရပါသည်။ သီဟိုဠ်ထုတ်ကုန်များသည် အဓိကဈေးကွက် ၄ခုဖြစ်သည့် တရုတ်၊ ဥရောပ၊ UAE နှင့် အမေရိကန်တို့တွင် အားကောင်းသည့်အလားအလာကို ပြသနေကြောင်းသိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံသီဟိုဠ်စေ့အသင်း(CAC) ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Suy Kokthean က စက်ရုံမှပြုပြင်ထုလုပ်ထားသော သီဟိုဠ်စေ့ ပထမဆုံးတင်ပို့မှုသည် တရုတ်နိုင်ငံဖြစ်လိမ့်မည်ဖြစ်ကြောင်း၊ ကမ္ဘောဒီးယား၏ အရွယ်အစားအကြီးစား M23 သီဟိုဠ်စေ့များ၏ အဓိကဈေးကွက်သည် တရုတ်နိုင်ငံဖြစ်ကြောင်းနှင့် CNSC ၊ CAC နှင့် တရုတ်မှသက်ဆိုင်သူများနှင့် ဆွေးနွေးမှုအပြီးတွင် ၎င်းတို့သည် လုံလောက်စွာထုတ်လုပ်နိုင်စွမ်းရှိပါက တရုတ်နိုင်ငံသို့ တိုက်ရိုက်တင်ပို့နိုင်ကြောင်းပြောကြားခဲ့ပါသည်။ အရှေ့အလယ်ပိုင်းဒေသသည် ဒုတိယအကြီးဆုံးဈေးကွက်ဖြစ်လာနိုင်ပြီး ဥရောပနှင့် အမေရိကန်ဈေးကွက်များသည် သီဟိုဠ်စေ့အကြီးထက်သေးငယ်သော သီဟိုဠ်စေ့များကိုအလိုရှိကြောင်း Kokthean ၏ အဆိုအရသိရပါသည်။ ထို့ပြင် Kokthean က နိုင်ငံ၏ သီဟိုဠ်စေ့လုပ်ငန်းသည် အစိုးရ၏ သီဟိုဠ်စေ့နိုင်ငံတော်မူဝါဒကြောင့် တောက်ပပြီး ကောင်းမွန်ကြောင်း၊ ထို့ပြင် ကမ္ဘောဒီးယားသည် RCEP သဘောတူညီချက်နှင့် အာဆီယံ-တရုတ်သဘောတူညီချက်များမှ အကျိုးအမြတ်ရရှိနေကြောင်း၊ မူဝါဒသည် ရင်းနှီးမြှုပ်နှံမှုလွယ်ကူချောမွေ့စေပြီး ရင်းနှီးမြှုပ်နှံသူအသစ်များကို ဆွဲဆောင်နိုင်ကြောင်းနှင့် နိုင်ငံသည် လာမည့် ၅နှစ်မှ ၆နှစ်အတွင်း ကမ္ဘာ့နံပါတ်တစ် သီဟိုဠ်စေ့ထုတ်လုပ်သူဖြစ်လာနိုင်စွမ်းရှိသည်ဟု ယုံကြည်ကြောင်းပြောကြားခဲ့ပါသည်။ ထို CSNC သီဟိုဠ်စေ့ပြုပြင်ထုတ်လုပ်သည့် စက်ရုံသည် ၁၂၀၀၀စတုရန်းမီတာကျယ်ဝန်းပြီး ကနဦး ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၂သန်းရှိကာ စင်္ကာပူ CSNC နှင့် ကမ္ဘောဒီးယားရှယ်ယာရှင်များကြား ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ကြောင်းသိရပါသည်။
Source : Khmer Times
DOCA(ရန်ကုန်)
ကမ္ဘောဒီးယားနိုင်ငံ၏ အကြီးမားဆုံးသီဟိုဠ်ပြုပြင်ပြောင်းလဲထုတ်လုပ်သည့်စက်ရုံ မတ်လတွင် စတင်လည်ပတ်မည်
Powered by Drupal