ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၊ သနပ်ပင်မြို့နယ် တာဝန်ခံ ဦးသိန်းဆွေသည် ဧပြီလ ၁၉ ရက်နေ့ နံနက်ပိုင်းက သနပ်ပင်မြို့ပေါ်ရှိ စက်ဆီ ၊ ချောဆီနှင့် ဆက်စပ် ရေနံထွက်ပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်၍ စက်ဆီ ၊ ချောဆီနှင့် ရေနံထွက်ပစ္စည်း အတုအပများ ရောင်းချမှုမရှိစေရေး ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ရာတွင် သနပ်ပင်မြို့နယ်တာဝန်ခံမှ လုပ်ငန်းရှင် များအနေဖြင့် မိမိတို့ရောင်းချမည့် စက်ဆီ ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်းများ ရောင်းချမည် ဆိုပါက စီးပွားရေးကျင့်ဝတ် စည်းကမ်းများနှင့်အညီ ရောင်းချကြရန် ၊ သတ်မှတ် အရည်အသွေး ပြည့်မီသော ကုန်ပစ္စည်းများသာ ရောင်းချကြရန် ၊ စက်ဆီ ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်းများ တင်သွင်း ၊ ထုတ်လုပ် ၊ ဖြန့်ဖြူးရောင်းချခြင်းနှင့်စပ်လျဉ်း၍ အတုအပပြုလုပ်ခြင်း ၊ စျေးကွက်အတွင်း တရားမဝင် ဖြန့်ဖြူးရောင်းချခြင်းများ မပြုလုပ်ကြရန် ၊ အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)