Main menu

အင်းစိန်မြို့နယ်၊ အ.လ.က (၁၀) တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

အခြေခံပညာကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်လျက် စားသုံးသူရေးဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၃၁-၁၀-၂၀၂၄ ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် အင်းစိန်မြို့နယ်၊ အမှတ်(၁၀) အခြေခံပညာအလယ်တန်း ကျောင်း၌ ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာများဟောပြောခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ခိုင်ရွှေ၊ ဒုကြီးကြပ်ရေးမှူးက စားသုံးသူအခွင့်အရေးနှင့်တာဝန်များသိရှိစေရန်နှင့် စားသုံးသူအခွင့်အရေး များ အပြည့်အဝရရှိစေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲဟောပြောပွဲကိုကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူများအနေဖြင့် ကုန်ပစ္စည်းများကို သေချာလေ့လာစိစစ်၍ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုရှိ/ မရှိ၊ မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းရှိ/ မရှိတို့ကို ရွေးချယ်ဝယ်ယူစားသုံးရန်လိုအပ်ကြောင်းနှင့် စားသုံးသူများအနေဖြင့် ထိခိုက်နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူရေးရာဦးစီးဌာန၏ Call Center 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲသို့ ဆရာ/ ဆရာမ (၅)ဦး၊ ကျောင်းသား/ ကျောင်းသူ (၇၄)ဦး၊ စုစုပေါင်း (၇၉)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)