Main menu

ကန့်ဘလူခရိုင်၏ အောက်တိုဘာလအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူများအသုံးပြုလျက်ရှိသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
၂၀၂၄ခုနှစ်၊ အောက်တိုဘာလအတွင်း စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်ကာ မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ပြည်ပမှတင်သွင်းသော ကုန်စည်များကိုသာမက ပြည်တွင်း၌ထုတ်လုပ်သော ကုန်စည်များနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီ သို့မဟုတ် ဈေးကွက်ရောက်ပြီးကုန်စည်များ၏ ဘေးအန္တရာယ်ရှိ/ မရှိစစ်ဆေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အချက်များပါဝင်မှု ရှိ/မရှိစစ်ဆေးခြင်းကို ကန့်ဘလူမြို့နယ်အနေဖြင့် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ကုန်စုံဆိုင်များ၊ ကန့်ဘလူမြို့၊ မြို့မဈေးရှိ ကုန်စုံဆိုင်များနှင့်ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး ခြင်း စသည်ဖြင့် စုစုပေါင်းဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၃)ကြိမ်၊ ကျွန်းလှမြို့နယ်အနေဖြင့် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးရှိ ကုန်စုံဆိုင်များအားလည်းကောင်း၊ ပိတောက်မြိုင်ရပ်ကွက်ရှိ ကုန်စုံ ဆိုင်များအားလည်းကောင်း၊ သစ်ရာမြိုင်ရပ်ကွက်ရှိ ကုန်စုံဆိုင်များအားလည်းကောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၃)ကြိမ်နှင့် ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ စက်သုံးဆီဆိုင်အား အထူး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၁)ကြိမ်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ရှိ စက်သုံးဆီအရောင်းဆိုင်အား အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၁)ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာဖြန့်ဖြူးရောင်းချရန်၊ သက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟု ထုတ်ပြန်ထားသည့်ကုန်စည်များ၊ စံမညီဆေးဝါးများ စသည်တို့ကိုရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရပါသည်။
DOCA(စစ်ကိုင်း)