Main menu

ကန့်ဘလူခရိုင်၏ အောက်တိုဘာလအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် ကွင်းဆင်းတွေ့ဆုံခြင်းဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်အနေဖြင့် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ဒေသတွင်းရှိ MSMEs လုပ်ငန်းများ၏ လိုအပ်ချက်တို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် လစဉ် စီးပွားရေးလုပ်ငန်းရှင်များနှင့် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
၂၀၂၄ခုနှစ်၊ အောက်တိုဘာလအတွင်း ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော်၊ အကြီးတန်းစာရေးတို့သည် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ဆီစက်လုပ်ငန်းရှင်နှင့်ကွင်းဆင်းတွေ့ဆုံ၍ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဆောင်ရွက်သွားရန် ရှင်းလင်းပြောကြားဆွေးနွေးခဲ့ကြောင်း၊ ကျွန်းလှမြို့ နယ်တာဝန်ခံသည် ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်ရှိ မြေပဲဆီသန့်ရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့ပြီး ကုန်အညွှန်းအမှတ်အသားလျှောက်ထားခဲ့ရာ အတည်ပြုပေးနိုင်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို သိရှိထားရန်လိုအပ်ကြောင်းနှင့် မိမိတို့ထုတ်လုပ်သည့်ကုန်စည်များကို ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်သွားရန် စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရပါသည်။
DOCA(စစ်ကိုင်း)