စားသုံးသူပြည်သူများကို စားသုံးသူကာကွယ်ရေးအကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် မိမိတို့၏ရပိုင်ခွင့်၊ တောင်းဆိုပိုင်ခွင့်အခွင့်အရေးများကိုသိရှိနားလည်ပြီး နစ်နာဆုံးရှုံးမှုများမဖြစ်စေရန်အတွက် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက မြေပြင်ကွင်းဆင်း၍ လစဉ်စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
၂၀၂၄ခုနှစ်၊ အောက်တိုဘာလအတွင်း စားသုံးသူအသိပညာပေးဟောပြောပွဲမျာကို ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့နယ်၊ လိတ္ထူကျေးရွာ (အ.လ.က)ကျောင်းရှိ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအားလည်းကောင်း၊ ကန့်ဘလူမြို့၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရှိ ဝန်ထမ်းများအားလည်းကောင်း၊ ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေ ဝေအောင်အနေဖြင့် ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက် မူလွန်(၁)ကျောင်းရှိ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအားလည်းကောင်းနှင့် ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက် (အ.လ.က)ကျောင်းတို့တွင် အသိပညာပေးဟောပြောပွဲများဆောင်ရွက်ခဲ့ရာ တာဝန်ရှိသူများက စားသုံးသူများအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များကို လည်းကောင်း၊ ကုန်စည်များကို ရွေးချယ်ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများနှင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များကို သေချာစိစစ်ကြရန်လိုအပ်ကြောင်း၊ စားသုံးသူများအနေဖြင့် စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ခဲ့လျှင် စားသုံးသူရေးရာဦးစီးဌာန၏ Facebook Page၊ DOCA Myanmar Mobile Application ၊ ဌာန၏ Website ၊ တိုင်းဒေသကြီး/ ပြည်နယ်နှင့် ခရိုင်များတွင် ဖွင့်လှစ်ထားသည့် (CICC) များကို လူကိုယ်တိုင်လာရောက်၍သော်လည်းကောင်း၊ Consumer Call Center 1535 ကိုခေါ်ဆို၍ တိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရပါသည်။
DOCA(စစ်ကိုင်း)
ကန့်ဘလူခရိုင်၏ အောက်တိုဘာလအတွင်း အသိပညာပေးဟောပြောပွဲဆောင်ရွက်နိုင်မှုအခြေအနေ
Powered by Drupal