Main menu

တောင်ငူမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးမင်းဇော်နှင့် တာဝန်ရှိသူများသည် အောက်တိုဘာလ ၂၅ရက်နေ့၊ နံနက်ပိုင်းတွင် တောင်ငူမြို့နယ်၊ ကံပေါက်ကြီး ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ညောင်ကိုင်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌လည်းကောင်း ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများအသိပညာပေးဟောပြောခဲ့ပါသည်။
ကံပေါက်ကြီးကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းဟောပြောပွဲတွင် ခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံ ဦးစောသန်းထိုက်ကျော်က စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် စားသုံးသူများနစ်နာဆုံးရှုံးမှုမရှိစေရန် ဆောင်ရွက်ပေးနေမှုများကိုလည်းကောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းနှင့်ပတ်သက်၍ စားသုံးသူများနစ်နာဆုံးရှုံးမှုမဖြစ်စေရေးအတွက် သိသင့်သိထိုက်သည်များကိုလည်းကောင်း ဟောပြောပြီး ဒုတိယခရိုင်ဦးစီးမှူး ဦးမင်းဇော်က ကုန်စည်များဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားများကို ဦးစားပေးဖတ်ရှုသင့်သည့်အကြောင်းများကိုရှင်းလင်းပြောကြားပြီး ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ လက်တွေ့ပြသခဲ့ပါသည်။
ညောင်ကိုင်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးမြင့်သူက စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက တိုင်ကြားနိုင်ခြင်းများ၊ ကုန်စည်များကိုဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားများကို ဦးစားပေးဖတ်ရှုသင့်သည့် အကြောင်းများကိုဟောပြောခဲ့ပါသည်။
ကံပေါက်ကြီး အခြေခံပညာမူလတန်းလွန်ကျောင်းဟောပြောပွဲတွင် ကျောင်းသား/ ကျောင်းသူ ၁၀၈ဦး၊ ညောင်ကိုင်း အခြေခံပညာမူလတန်းလွန်ကျောင်းဟောပြောပွဲတွင် ကျောင်းသား/ကျောင်းသူ ၈၄ဦးတက်ရောက်ကြောင်းသိရပါသည်။
DOCA(ပဲခူး)