Main menu

ပြည်မြို့မှ ရွှေဖရုံသီးဈေးကွက်

Powered by Drupal

ရွှေဖရုံသီးသည် များသောအားဖြင့် လုံးဝန်း၍ ထိပ်နှစ်ဖက်ပြားသည်။ ဘေးတွင် အမြွာအမြောင်းများဖြစ်နေပြီး အသီး၏လုံးပတ်သည် တစ်ခါတစ်ရံ ခုနှစ်ပေမှ ရှစ်ပေအထိရှိတတ်သည်။ မျိုး လုပ်ရန် ထားသောအသီးသည် တစ်ခါတစ်ရံ ပိဿာ (၆၀)မှ (၁၀၀)အထိလေးတတ်ကြပါသည်။ အခွံသည် မာ၍ အရောင်အမျိုးမျိုးဖြစ်သည်။ နုစဉ်အစိမ်းပေါ်တွင် အစက်ပြောက်များရှိ၍ ရင့်လာသည့်အခါ ဝါညိုညိုပေါ်၌ အစက်အပြောက်များရှိလာသည်။ အခွံမှအသားကိုထုတ်၍ အခွံကိုအခြောက်လှမ်းပြီးလျှင် ခွက်အဖြစ်သုံးစွဲကြသည်။ အတွင်းသားသည် နုသည့်အခါ ဝါဖျော့ဖျော့ဖြစ်၍ ရင့်သည့်အခါ ဝါရင့်ရင့်ရွှေရောင်ဖြစ်သည်။ အသီးနုသည့်အခါ အသားအနည်းငယ်ပွသော်လည်း အသီးရင့်သည့်အခါ ကျစ်လာသည်။ ရင့်သည့်အသားကိုချက်ပြုတ်စားသည့်အခါ အလွန်စေးသည်။ အူလည်သားပွ၍ အစေ့ရှိသည်။ အစေ့ကို ဆားဖြင့်လှော်၍ ယင်းအထဲမှ အံကိုစားသည့်အခါ ဆိမ့်သောအရသာရှိပါသည်။ ရွှေဖရုံသီးသည် ဘူးသီးကဲ့သို့မဟုတ်ဘဲ ခြောက်သွေ့သောနေရာ၌ ကြာရှည်စွာ အထားခံပါသည်။
ရွှေဖရုံသီးကို ပြည်မြို့နယ်ဈေးကွက်များတွင် ရောင်းချကြပြီး အလုံးကြီးတစ်လုံးလျှင် (၃၀၀၀-၃၅၀၀)ကျပ်ဖြင့်ရောင်းချကြပြီး အလုံးလတ်တစ်လုံးလျှင် (၂၀၀၀-၂၅၀၀)နှုန်းဖြင့် ရောင်းချကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)