Main menu

“ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)ပင်စင်စားများအား စားအုန်းဆီရောင်းချပေးနေခြင်း”

Powered by Drupal

                ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှကြီးကြပ်၍ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)ပင်စင်စားများအား ပြည်နယ်အားကစားရုံတွင် စက်တင်ဘာလ(၂၅)ရက်နေ့မှ လကုန်ရက်အထိလည်းကောင်း၊ အောက်တိုဘာလ (၂၀)ရက်နေ့မှ လကုန်ရက်အထိလည်ကောင်း စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့် နံနက်(၀၈း၀၀)နာရီအချိန်မှ ညနေ့(၁၆း၀၀)နာရီအထိ ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

                နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)ပင်စင်စားတစ်ဦးလျှင်(၁)ပိဿာနှုန်းဖြင့် လစဉ်ဘဏ်ပင်စင်ထုတ်ရက် (စနေ့၊တနင်္ဂနွေ)ပိတ်ရက်မပါ စားအုန်းဆီများကိုရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။ ရောင်းချပေးသည့် စားအုန်းဆီဈေးနှုန်းမှာ ဒေါ်လာအတက်/ အကျပေါ်မူတည်ပြီး အပတ်စဉ်တူညီမှုမရှိဘဲ အပြောင်းအလဲရှိကြောင်းနှင့် ပြောင်းလဲသွားသည့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

             စားအုန်းဆီဝယ်ယူသည့် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)ပင်စင်စားများမှာ မြို့ပြပင်စင်အမျိုးအစားနှင့် ကာကွယ်ရေးပင်စင်အမျိုးအစားဖြစ်ကြောင်းသိရှိရသည်။ စားအုန်းဆီအပြင် ကြက်ဥများကိုလည်း လာရောက်ရောင်းချပေးကြောင်းနှင့် ကြက်ဥများကို ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ညွှန်ကြားမှုဖြင့် သစ်တောရပ်ကွက်၊ ဦးစိုင်းလုံ + ဒေါ်ခင်အေး (ကြက်မွေးမြူရေးခြံ)မှ ကြက်ဥတစ်လုံး လျှင်(၃၃၀/-)ကျပ်ဖြင့် ရောင်းချပေးလျက်ရှိ ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)