ပြည်ဈေးကွက်သို့ ဆောင်းပဲတီစိမ်းသစ်များ အောက်တိုဘာလ လကုန်ပတ်တွင် ဝင်ရောက်လာခဲ့ပါသည်။ ပြည်အနီးတဝိုက်နှင့် မင်းတုန်း၊ ကံမဘက်မှ ဝင်ရောက်ပြီး တစ်ရက်အဝင်မှာ အိတ် (၂၀၀/ ၃၀၀) ကျော်ရှိခဲ့ပါသည်။ ပဲဈေးနှုန်းအနေဖြင့် ပိဿာ (၂၀) ဝင်တစ်တင်းလျှင် ၇၀၀၀၀ကျပ်မှ ၇၅၀၀၀ကျပ်အတွင်းဖြင့် အရောင်းအဝယ်ဖြစ်နေနေသည်။ ပဲဈေးကွက်မှာ ယခုနှစ်အတွင်း အခြားပဲသီးနှံအားလုံးနီးပါးမှာ ကျပ် (၁) သိန်းအထက် ဈေးကောင်းရရှိနေခဲ့သော်လည်း ပဲတီစိမ်းသီးနှံသည် ယခုနှစ် ပဲသစ်စဝင်ချိန်တွင် ပဲဈေးကွက်၌ ဈေးအနိမ့်ဖြင့်သာ ရောင်းဝယ်နေရသည့်အတွက် ဈေးအေးနေသောသီးနှံဖြစ်ပါသည်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ဝင်ရောက်မှုရှိသလောက် အရောင်းအဝယ်ဖြစ်ကြောင်းသိရပါသည်။
DOCA(ပဲခူး)
ဆောင်းပဲတီစိမ်းသစ်များ ပြည်ပဲဈေးကွက်သို့ ဝင်ရောက်လာ
Powered by Drupal