ရေဥကို ရွှေတောင်ဒေသတွင်သာမက ပြည်မြို့အနီးတဝိုက်ရှိ ကျေးရွာများ၌ ရေသန့်သော ကန်များရှိသော နေရာတိုင်းနီးပါးတွင် ရရှိနိုင်ပါသည်။ ရေဥကို ဈေးများတွင်ရောင်းချသဖြင့် လူအများဝယ်ယူစားသုံးကြပါသည်။ လူတချို့မှာ စားဖူး၍ ကြိုက်နှစ်သက်ကြပြီး လူတချို့မှာ မစားဖူး၍ ဝယ်ယူစားသုံးမှုမရှိကြပါ။ ဈေးကွက်တွင်ရောင်းချသော ရေဥဈေးနှုန်းများအနေဖြင့် နိုဆီဘူးတစ်ဘူးလျှင် ၂၅၀ကျပ်ဖြင့်ရောင်းချကြောင်းသိရပါသည်။ ရေဥအား ချက်ပြုတ်စားသောက်ရာတွင် ပထမဦးစွာ ရေဥများကို ရေထဲတွင်ထည့်ပြီး ရေစစ်စကာဖြင့်ဆယ်ယူကာ အချိန်အနည်းငယ်မျှကြာအောင် ရေစစ်ထားရပါသည်။ ထို့နောက် ကြက်သွန်ဖြူ/ နီကြော်တို့အား ဆီသတ်ပြီးသောရေဥများကိုထည့်၍ အိုးချကာနီးတွင် ရှောက်ရွက်အနည်းငယ်ထည့်ပေးပြီး အသင့်စားသောက်နိုင်သော ရေဥချက်ကို အရံဟင်းအဖြစ်အသုံးပြုနိုင်ပါသည်။
DOCA(ပဲခူး)