
ရှမ်းပြည်နယ်တောင်ပိုင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် (၂၃.၁၀.၂၀၂၄)ရက်နေ့တွင် နမ့်စန်မြို့ပေါ်ရှိ ကုန်စုံဆိုင်များ၌ ကလေးအာဟာရဖြည့်စွက်စာ အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် ကုန်စုံဆိုင်၌ရောင်းချနေသော ကလေးအဟာရဖြည့်စွက်စာအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ၊ စားသုံးသူ ဘေးအန္တရာယ် ဖြစ်စေနိုင်သော ဖြည့်စွက်စာများရောင်းချခြင်းရှိ/ မရှိတို့အား စစ်ဆေးခဲ့ပြီး သတ်မှတ်ထားသော စံချိန်စံနှုန်းနှင့် ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည့် ဖြည့်စွက်စာများကိုသာ ဈေးကွက်အတွင်း တင်သွင်းရောင်းချစေရန် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
DOCA(ရှမ်း)