ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ တာကြီးရပ်ကွက်၊ ဓမ္မာရုံ၌ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် စားသောက်ကုန်၊ လူသုံးကုန်နှင့်ဝန်ဆောင်မှုဆိုင်ရာများ ဝယ်ယူအသုံးပြုတတ်စေရန်ရည်ရွယ်၍ နိုဝင်ဘာလ(၄)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါစားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ရာတွင် ဒလမြို့နယ်၊ တာကြီးရပ်ကွက် အုပ်ချုပ်ရေးမှူးက ဟောပြောကျင်းပရခြင်းအကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးသန်းနိုင်က စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ဦးစီးဌာနအနေဖြင့် မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူအများပြည်သူတို့၏ စားသုံးသူအခွင့်အရေးများဆုံးရှုံးမှုမရှိစေရးအတွက် စားသုံးသူကာကွယ်ရေးဥပဒေတစ်ရပ်ကို ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၉/၂၀၀၉)အား ၂၀၁၉ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး ၎င်းစားသုံးသူကာကွယ်ရေးဥပဒေတွင် ဦးစီးဌာန၏လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များဖြစ်သော ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ၎င်းအာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များထဲမှ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ မဖြစ်မနေရေးသားဖော်ပြပါရှိရမည့်အချက်များ၊ စားသုံးသူအများပြည်သူများအနေဖြင့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အမှန်တကယ်နစ်နာဆုံးရှုံးမှုများရှိလာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပေးခဲ့ကြောင်းသိရပါသည်။
DOCA(ရန်ကုန်)