စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော် (စစ်ဆေးရေးအရာရှိ) ဦးဆောင်၍ ဝန်ထမ်း (၂)ဦးသည် ဗိုလ်တထောင်ခရိုင်၊ ဘိုကလေးဈေး စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ၄-၁၁-၂၀၂၄ ရက်နေ့၊ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် ဈေးအတွင်းရှိ စားသောက်ကုန်မျိုးစုံအရောင်းဆိုင်တို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါ စားသောက်ကုန်မျိုးစုံအရောင်းဆိုင်တို့ရှိ “အဖွားလက်ရာ” အမှတ်တံဆိပ်ပါ ကုန်စည်များ (အသားဟင်း၊ ငါးဟင်းစည်သွပ်ဘူးများ)တွင် ရိုက်နှိပ်ထားသော ကုန်အညွှန်းအမှတ် အသားဖော်ပြချက်များသည် စတစ်ကာကပ်၍ဖော်ပြထားသည့် အညွှန်းဖော်ပြချက်များနှင့်တူညီမှုရှိ/ မရှိ၊ ကွဲလွဲမှုရှိ/ မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးရန် လမ်းညွှန်မှုပြုသည့်အပေါ် ဈေးအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် HI-Q, READY အမှတ်တံဆိပ် စည်သွပ်ဘူးများကို အများဆုံးရောင်းချလျက်ရှိပြီး အဖွားလက်ရာ” အမှတ်တံဆိပ်ပါ အသားဟင်း/ ငါးဟင်းစည်သွပ်ဘူးများ ရောင်းချခြင်းမရှိကြောင်းကို စိစစ်တွေ့ရှိရသဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက “အဖွားလက်ရာ” ကုန်စည်များကဲ့သို့ ကုန်အညွှန်းအမှတ်အသားကွဲလွဲမှုရှိသော ကုန်စည်များကို ဝယ်ယူရောင်းချမှုမဖြစ်စေရေး အထူးဂရုပြုအလေးထားရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန် များ၊ ဥပဒေအခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဗိုလ်တထောင်ဈေးပြင်ပရှိ စားသောက်ကုန်မျိုးစုံအရောင်းဆိုင်(၃)ဆိုင်ရှိ “အဖွားလက်ရာ” အမှတ်တံဆိပ်ပါ ကုန်စည်များ (အသားဟင်း၊ ငါးဟင်းစည်သွပ်ဘူးများ)တွင် ရိုက်နှိပ်ထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များသည် စတစ်ကာကပ်၍ဖော်ပြထားသည့် အညွှန်းဖော်ပြချက်များနှင့်တူညီမှုရှိ/ မရှိ၊ ကွဲလွဲမှုရှိ/ မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ် ဆေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)