ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ် ပထမ (၉) လအတွင်း လယ်ယာထွက်ကုန်တန်ချိန် ၈.၅ သန်းခန့်တင်ပို့ခဲ့ပြီး ၂၀၂၄ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၅၃ ရာခိုင်နှုန်းတိုးလာကြောင်း စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန (MAFF) မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ထိုရလဒ်သည် ကမ္ဘောဒီးယားလယ်ယာထုတ်ကုန်များ ပို့ကုန်အရည်အသွေး စံချိန်စံညွှန်း များတိုးတက်အောင်ကူညီပေးသည့် ဈေးကွက်အသစ်များဖွင့်လှစ်ခြင်းနှင့် ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်ခြင်း၏ အောင်မြင်မှုတစ်ခုဖြစ်ခဲ့သည်။ ကမ္ဘောဒီးယား၏ အဓိကတင်ပို့သည့် လယ်ယာ ထွက်ကုန်များမှာ ဆန်၊ ပီလောပီနံ၊ သီဟိုဠ်စေ့၊ ငှက်ပျောသီး၊ သရက်သီးနှင့် ငရုတ်သီးတို့ဖြစ်ကြသည်။ ကမ္ဘောဒီးယားသည် မကြာသေးမီက ကမ္ဘောပေါ်တွင် သီဟိုဠ်စေ့ အများဆုံးထုတ်လုပ်သောနိုင်ငံဖြစ်လာခဲ့ကြောင်း MAFF မှပြောရေးဆိုခွင့်ရှိသူ Kim Finan က ပြောကြားခဲ့သည်။ Kim Finan ၏ အဆိုအရ ကမ္ဘောဒီးယားသည် လယ်ယာထွက်ကုန် ကဏ္ဍဖွံ့ဖြိုးတိုးတက်မှု ပိုမိုအားကောင်းလာစေနိုင်ရန် ငှက်သိုက်၊ ဒူးရင်းသီး၊ လန်ထွက်သီးနှင့် နာနတ်သီးများတင်ပို့ရန် တရုတ်နိုင်ငံနှင့် ညှိနှိုင်းလျက်ရှိသည်။ ကမ္ဘောဒီးယား သီဟိုဠ်စေ့အသင်း (CAC) ဥက္ကဋ္ဌ Uno Silot က ၂၀၂၄ ခုနှစ်ပထမ (၉) လအတွင်း သီဟိုဠ်စေ့တန်ချိန် ၈၄၀,၀၀၀ စိုက်ပျိုးထုတ်လုပ်ခဲ့ပြီး ၂၀၂၃ ခုနှစ်ထက် ၂၆ ရာခိုင်နှုန်းတိုးလာကြောင်း သိရသည်။ ယင်းတို့အနက် တန်ချိန် ၇၉၀,၀၀၀ ကျော်ကို ဗီယက်နမ်နိုင်ငံသို့တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁.၁၁ ဘီလီယံရရှိခဲ့သည်။ Uno Silot သည် ကမ္ဘောဒီးယားနိုင်ငံ၏အကြီးဆုံး သီဟိုဠ်စေ့ ပြုပြင်ရေးစက်ရုံကို ၂၀၂၅ ခုနှစ်တွင်ဖွင့်လှစ်ပြီးသည်နှင့် နိုင်ငံ၏ ပြည်တွင်းစိုက်ပျိုးရေးထုတ်ကုန် တင်ပို့မှုတိုးတက်လာမည်ဟု မျှော်မှန်းထားသည်။
Source: Khmer Times
DOCA(ရန်ကုန်)