Main menu

ကမ္ဘောဒီးယားနိုင်ငံ အတွင်းတရုတ်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၉ ဘီလီယံအထိရှိ

Powered by Drupal

        ၂၀၂၄ ခုနှစ်အောက်တိုဘာလအထိ ကမ္ဘောဒီးယားနိုင်ငံတွင် တရုတ်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသည့် စက်ရုံစုစုပေါင်း ၁,၂၇၃ ခုရှိခဲ့ပြီး တန်ဖိုးအမေရိကန်ဒေါ်လာ ၉.၀၈ ဘီလီယံရှိပြီး နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုစုစုပေါင်း၏ ၄၅.၄၉ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ စက်မှု၊ သိပ္ပံနှင့် နည်းပညာဆန်းသစ်တီထွင်မှုဝန်ကြီး Hem Vandy ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Wang Wenbin တို့ တွေ့ဆုံမှုတွင် နှစ်နိုင်ငံ ကာလကြာရှည် ချစ်ကြည်ရင်းနှီးမှုရှိပြီး စက်မှုနည်းပညာ ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံအကြား အဓိကမဏ္ဍိုင်တစ်ခုအဖြစ် ဆောင်ရွက်နေကြောင်း Hem Vandy မှ ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ကုန်ထုတ်လုပ်မှုတွင် ကမ္ဘောဒီးယားနိုင်ငံ၏ ထိပ်တန်းနိုင်ငံခြား ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး အနာဂါတ်တွင် ကမ္ဘောဒီးယား၏တိုးတက်မှုတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်ကြောင်း ထပ်မံပြောကြားသွားခဲ့သည်။ Hem Vandy သည် စံသတ်မှတ်မှု၊ တိုင်းတာမှု၊ ဓာတ်ခွဲခန်းဝန်ဆောင်မှုနှင့် ရေပေးဝေရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်တင်ပေးရန် အဆိုပြုခဲ့သည်။ Wang Wenbin သည် အနာဂါတ်တွင် တရုတ်နှင့် ကမ္ဘောဒီးယားတို့အကြား ပူးပေါင်းဆောင်ရွက်မှုမှတ်တိုင်သစ်များ တိုးလာမည်ဟု မျှော်လင့်ထားကြောင်း၊ နှစ်နိုင်ငံကြား ရင်းနှီးသောဆက်ဆံရေးသည် အရေးကြီးကြောင်း ပြောကြားခဲ့သည်။ ကမ္ဘောဒီးယား-တရုတ် လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက် (CCFTA) နှင့် ဒေသတွင်းဘက်စုံစီးပွားရေး မိတ်ဖက်ဆက်ဆံရေး (RCEP) တို့သည် နှစ်နိုင်ငံအကြား အပြန်အလှန်ကုန်သွယ်မှုအတွက် ရင်းနှီးမြှုပ်နှံမှုအသစ်များကို တိုးချဲ့နိုင်ကြောင်း ကမ္ဘောဒီးယားကုန်သည်ကြီးများအသင်း ဒုတိယ ဥက္ကဋ္ဌ Lim Heng က ပြောကြားခဲ့ သည်။

Source: Khmer Times

DOCA(ရန်ကုန်)