Main menu

တရုတ်အပြည်ပြည်ဆိုင်ရာ သွင်းကုန် ကုန်စည်ပြပွဲစတင်ကျင်းပ

Powered by Drupal

      (၇)  ကြိမ်မြောက် တရုတ်အပြည်ပြည်ဆိုင်ရာ သွင်းကုန်ကုန်စည်ပြပွဲ (CIIE) ကို Shanghai မြို့တွင်ကျင်းပခဲ့သည်။ နိုင်ဝင်ဘာလ ၅ရက်နေ့မှ ၁၀ရက်နေ့အထိကျင်းပသော ကုန်စည်ပြပွဲကို နိုင်ငံပေါင်း ၁၅၂နိုင်ငံ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် အလုပ်ခေါင်းဆောင် ၂၉၇ဦးတက်ရောက်ခဲ့သည်။ CIIE သည် တရုတ်နိုင်ငံ၏ အဓိကပွင့်လင်း မြင်သာသောအစီအမံများနှင့် တိုးတက်မှုအခွင့်အလမ်းသစ်များကို အခြားနိုင်ငံများနှင့်မျှဝေရန် ဆောင်ရွက်သည်။ တရုတ်နိုင်ငံသည် နိုင်ငံခြားကုန်သွယ်မှုတိုးတက်မှုကို တွန်းအားပေးရန်နှင့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုဆွဲဆောင်နိုင်ရန် မူဝါဒများချမှတ်ခဲ့သည်။ လွတ်လပ်သောကုန်သွယ်ရေးဇုန်များနှင့်ဟိုင်နန်ဆိပ်ကမ်းကို နိုင်ငံတကာအဆင့်မြင့် စီးပွားရေးနှင့်ကုန်သွယ်မှုစည်းမျဉ်းများနှင့် အတွေ့အကြုံများမြှင့်တင်ရန် ထုတ်ပြန်ခဲ့သည်။ တရုတ်နိုင်ငံသည် ကမ်းရိုးတန်း၊ ကုန်းတွင်းပိုင်းနှင့် နယ်စပ်ဒေသများကိုလွှမ်းခြုံကာ ရှေ့ပြေးနိုင်ငံခြားကုန်သွယ်မှုဇုန် (FTZs) ၂၂ခုကိုတည်ဆောက်ခဲ့ပြီး နိုင်ငံ၏စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် သွင်းကုန်ပမာဏ၏ ၂၀ရာခိုင်နှုန်းကိုပံ့ပိုးပေးခဲ့းသည်။ FTZs များ၏ နိုင်ငံခြားကုန်သွယ်မှုသည် ၂၀၂၄ခုနှစ်တွင် ၁၁.၉၉ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။ တရုတ်နိုင်ငံသည် ထုတ်ကုန်ကဏ္ဍအအပြင် ဝန်ဆောင်မှုကဏ္ဍတွင် တိုးတက်လာစေရန်အတွက် တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။

Source: Khmer Times

DOCA(ရန်ကုန်)