အိန္ဒိယနိုင်ငံ၊ Chennai တွင် နိုဝင်ဘာလ ၂၇ရက်နေ့မှ ၂၉ရက်နေ့အထိကျင်းပမည့် International Engineering Sourcing Show ( IESS ) ၏ ၁၂ကြိမ်မြောက်ပြပွဲတွင် စိတ်ပါဝင်စားသောလုပ်ငန်းများနှင့် ကုမ္ပဏီများအားလုံးပါဝင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOC) မှတောင်းဆိုထားသည်။ IESS သည် စီးပွာရေးဆိုင်ရာလုပ်ငန်းများ၊ ရောင်းချသူဖွံဖြိုးတိုးတက်ရေးတွေ့ဆုံပွဲများနှင့် စက်မှုလုပ်ငန်းဆိုင်ရာတွေ့ဆုံပွဲများနှင့် စက်မှုလုပ်ငန်းဆိုင်ရာအထူးအခွင့်အရေးများကိုပေးဆောင်ခြင်းဖြင့် အိန္ဒိယရှိ အင်ဂျင်နီယာကဏ္ဍတွင် နိုင်ငံတကာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကိုတိုးတက်လာစေရန် ထုတ်ပြန်ခဲ့သည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စိတ်ဝင်စားသော စီးပွားရေးလုပ်ငန်းများ၊ ကုမ္ပဏီများနှင့်ကုန်သည်များအားလုံးကို https://iesshow.in/oversea-buyers အွန်လိုင်းတွင် စာရင်းပေးသွင်းရန် အသိပေးထားသည်။ နှစ်စဉ်နှစ်တိုင်း ပြပွဲတွင် ပြခန်းပေါင်း၃၅၀ကျော်၊ နိုင်ငံတကာမှ ဝယ်ယူသူ ၅၀၀ နှင့် စီးပွားရေးလုပ်ငန်းမှ လာရောက်ကြည့်ရှုသူ ၁၀,၀၀၀ ခန့်ရှိသည်။
Source: Khmer Times
DOCA(ရန်ကုန်)