အာရှ-အာဖရိက-အရှေ့အလယ်ပိုင်းကော်မတီဥက္ကဋ္ဌ Dewan Saiful Alam ဦးဆောင်သော ဟောင်ကောင်အထွေထွေကုန်သည်ကြီးများအသင်း (HKGCC) ၏ ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများနှင့် အလားအလာများကို ပိုမိုလေ့လာရန် ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိလာခဲ့ကြသည်။ ကိုယ်စာလှယ်အဖွဲ့ကို ကမ္ဘောဒီးယားဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) ၏ ကမ္ဘောဒီးယားရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့၏ လက်ထောက်အထွေထွေအတွင်းရေးမှူး Nut Unvoanra က လက်ခံတွေ့ဆုံခဲ့သည်။ Nut Unvoanra သည် ကမ္ဘောဒီးယားနိုင်ငံ၏ မက်ခရိုစီးပွားရေးတိုးတက်မှု၊ ငွေကြေးဖောင်းဖွမှုနှုန်း၊ ရင်းနှီးမြှုပ်နှံမှုတိုးတက်မှု၊ ငွေလဲလှယ်နှုန်းနှင့် စီးပွားရေးအခြေခံကွဲပြားမှုတို့ကို အကျဉ်းချုံးပြောကြားသွားခဲ့သည်။ ကမ္ဘောဒီးယားတော်ဝင်အစိုးရ (RGC) က ခိုင်မာသောစီးပွားရေးအခြေခံ အဆောက်အအုံများ မြှင့်တင်ခြင်းဖြင့် ရင်နှီးမြှုပ်နှံမှုအခြေအနေတို့ကို မြှင့်တင်နိုင်ပြီး နိုင်ငံအတွင်းရင်းနှီး မြှုပ်နှံသူများ၏ ယုံကြည်မှုကို ရရှိနိုင်မည်ဖြစ်သည်။ Dewan Saiful Alam သည် ရင်းနှီးမြှုပ်နှံသူများအတွက် အဆင်ပြေချော့မွေ့မှု၊ မက်လုံးများနှင့် အာရုံစိုက်မှုတို့ကို ပံ့ပိုးခြင်းဖြင့် RGC ၏စီးပွားရေးတိုးတက်မှုအတွက် ကြိုးပမ်းအားထုတ်မှုများနှင့် HKGCC အဖွဲ့ဝင်များကြားတွင် ပံ့ပိုးကူညီမှုများအတွက် ဝမ်းမြောက်မိကြောင်း ပြောကြားခဲ့သည်။
Source: Khmer Times
DOCA(ရန်ကုန်)