Main menu

အိန္ဒိယနိုင်ငံသည် ရေနံ၊ ကျောက်မျက်ရတနာ၊ သကြားတင်ပို့မှုတွင် ၅နှစ်ကျော်အတွင်း ကမ္ဘာဝေစုကိုမြင့်တင်ရန် ကြိုးပမ်း

Powered by Drupal

      အိန္ဒိယနိုင်ငံ၏ ပို့ကုန်ယှဉ်ပြိုင်နိုင်စွမ်းသည် လွန်ခဲ့သည့်ငါးနှစ်အတွင်း ကဏ္ဍများစွာတွင် ကောင်းမွန်သော အမြတ်အစွန်းများရရှိခဲံပြီး အထူးသဖြင့် ရေနံ၊ ကျောက်မျက်ရတနာ၊ စိုက်ပျိုးရေးနှင့်သကြား စသည့် ကဏ္ဍများသည် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုတွင် ရှယ်ယာပါဝင်မှုတိုးလာသောကြောင့် လွန်ခဲ့သည့်ငါးနှစ်အတွင်း ကောင်းမွန်သော အကျိုးကျေးဇူးများရရှိခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရသိရသည်။ ၂၀၁၈ နှင့် ၂၀၂၃ တွင် အိန္ဒိယတင်ပို့မှုဝေစုတိုးလာသည့် အခြားကဏ္ဍများမှ လျှပ်စစ်ပစ္စည်း pneumatic တာယာများ၊ ပိုက်များ၊ အဆို့ရှင်များနှင့် ဆီမီးကွန်ဒတ်တာများဖြစ်သည်။ အိန္ဒိယ၏ဈေးကွက်ဝေစုသည် ၂၀၁၈ခုနှစ်တွင် ရေနံတင်ပို့မှုသည် ၈၄.၉၆ ဘီလီံအထိမြင့်တက်လာခဲ့ကြောင်း ဝန်ကြီးဌာန၏ အချက်အလက်များဆန်းစစ်ချက်အရသိရသည်။ အလားတူ ကြံ (သို့မဟုတ်) beet sugar တင်ပို့မှုတွင် ကြီးမားသောတိုးတက်မှုရရှိခဲ့ပြီး ၎င်း၏ကမ္ဘာ့ဈေးကွက် ဝေစုသည် ၂၀၁၈ တွင် ၄.၁၇% ၂၀၂၃ခုနှစ်တွင် ၁၂.၂၁% အထိတိုးလာခဲ့သည်။ ကမ္ဘာ့သကြား ဒုတိယအကြီးဆုံးတင်ပို့သူအနေဖြင့် အိန္ဒိယနိုင်ငံ၏အောင်မြင်မှုသည် နှစ်သက်ဖွယ်ကောင်းသော စိုက်ပျိုးရေးမူဝါဒများနှင့် ၎င်း၏ ခိုင်မာသောထုတ်လုပ်မှုအခြေခံနှစ်ခုလုံးကြောင့်ဖြစ်သည်။ အိန္ဒိယနို်ငငံသည် အထူးသဖြင့် အရှေ့တောင်အာရှနှင့် အာဖရိကကဲ့သို့သောဒေသများတွင် သကြားဝယ်လိုအားကြီးထွားလာမှုအပေါ်  အရင်းအနှီးပြုထားသည်ဟု တာဝန်ရှိသူများကဆိုသည်။

Source : businesstandaxd 

DOCA(ရန်ကုန်)