Main menu

ဗီယက်နမ်နှင့် UAE နှစ်နိုင်ငံသဘောတူစီးပွားရေးစာချုပ်ချုပ်ဆို

Powered by Drupal

    ဗီယက်နမ်နှင့် UAE နှစ်နိုင်ငံသဘောတူစီးပွားရေးစာချုပ် (CEPA)၊ လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူစာချုပ်ကို အရှေ့အလယ်ပိုင်းဒေသဖြစ်သည့် ဗီယက်နမ်နိုင်ငံတွင် ချု်ပဆိုခဲ့ကြောင်း ဗီယက်နမ်ကုန်သွယ်မှုဝန်ကြီးဌာနက အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့သည်။ ထိုသဘောတူစာချုပ်ပါ ဆွေးနွေးချက်များကို တစ်နှစ်အတွင်းဆောင်ရွက်နိုင်ရန် နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့ကြကြောင်း ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chinh က ဒူဘိုင်းတွင် တနင်္လာနေ့က ပြောကြားခဲ့ကြောင်း ဝန်ကြီးဌာနမှ ထုတ်ပြန်ကြေငြာခဲ့သည်။ ဤသဘောတူချက်သည် အရှေ့အလယ်ပိုင်းကုန်သွယ်ရေးကဏ္ဍ ပိုမိုမြင့်တက်လာစေရန်အတွက် စိုက်ပျိုးရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ နည်းပညာကဏ္ဍနှင့် ကုန်စည်ပို့ဆောင်ရေးကဏ္ဍများရှိ ရင်းနှီးမြှုပ်နှံသူများနှင့် တင်ပို့သူများအတွက် အခွင့်အလမ်း တစ်ခုအဖြစ် ပေါ်ပေါက်လာမည်ဖြစ်သည်။ ဤသဘောတူစာချုပ်အရ ဗီယက်နမ်ပို့ကုန်များ၏ ၉၉ ရာခိုင်နှုန်းနှင့် UAE ပို့ကုန် ၉၈.၅ ရာခိုင်နှုန်းအသီးသီး နှစ်နိုင်ငံအခွန်ကင်းလွတ်ခွင့်ပြုနိုင်ရန် အပြန်အလှန်ကတိပြုခဲ့ကြသည်။ ယခင်နှစ်က နှစ်နိုင်ငံကုန်သွယ်ရေးအခြေအနေမှာ အမေရိကန် ဒေါ်လာ၄.၇ ဘီလီယံသို့ ရောက်ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၆ ရာခိုင်နှုန်း တိုးတက်မှု ရရှိခဲ့ကြောင်း အဆိုပါဝန်ကြီးဌာနက ပြောကြားခဲ့သည်။

SOURCES-Hanoi (Reuters)

DOCA(မန္တလေး)